ဇာတ်ကားအကြောင်းတွေကိုလည်း စိုင်းစိုင်းကပြောပြလာပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ရုပ်ရှင်ကားကြီးမှာ ပြည်တွင်း၊ ပြည်ပ အနုပညာရှင်တွေနဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်မယ့် သရုပ်ဆောင်နေတိုးနဲ့လည်းရုပ်ရှင်ကားကြီး ၄ ကားမြောက် တွေ့ဆုံမှုဖြစ်တယ်လို့ ဆိုပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ မကြာခင်ရိုက်ကူးတော့မယ့် ‘’ကောင်းကင်မရှိတဲ့ကြယ်’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုးလည်း ပါဝင်မှာပါ။ ဒီဇာတ်ကားကတော့ စိုင်းစိုင်းနဲ့ နေတိုးတို့ ၄ ကြိမ်မြောက် ဆုံစည်းရတဲ့ ရုပ်ရှင်ကားကြီးဖြစ်တယ်လို့ စိုင်းစိုင်းက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ကိုနေတိုးနဲ့ ကျွန်တော် Project တစ်ခုတည်းမှာ ပါဝင်တာက ‘’မင်္ဂလာပါ’’ရုပ်ရှင်ဇာတ်ကား၊ ‘’ကျူးပစ်ရဲ့ ကျေးကျွန်များ’’ ရုပ်ရှင်ဇာတ်ကား၊ ‘’Bangkok to Mandalay’’ရုပ်ရှင်ဇာတ်ကား တွေပေါ့နော်။ ဟိုအရင်တုန်းက TV မှာပြတဲ့ ရုပ်ရှင်တွေမပါဘူးဆိုရင်တော့ ဒါဟာ ရုပ်ရှင်ကားကြီးအနေနဲ့ ၄ ကားမြောက် ပြန်လည် ဆုံတွေ့မှုလို့ ပြောလို့ရပါတယ်’’ လို့ ဆိုပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ပြည်တွင်း၊ ပြည်ပ သရုပ်ဆောင်များစွာတို့ကလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ တော်လှန်ရေးကာလ က အဖြစ်အပျက်တစ်ခုကို အခြေခံပြီးရိုက်ကူးမှာဖြစ်တယ်လို့လည်း စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

 ‘’ အခုဇာတ်ကားကလည်း ၁၉၄၅ ခုနှစ်လောက်ကို အခြေခံမယ့် တော်လှန်ရေးကာလပေါ့နော်။ အဲဒီကာလထဲက အဖြစ်အပျက်တစ်ခုကို အခြေခံထားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေ အများကြီးပါဝင်မယ်။ ဇာတ်ကောင်စရိုက်တစ်ခုချင်းစီမှာ လျှို့ဝှက်တဲ့ ခံစားမှုတွေပါမယ်၊ မတူညီတဲ့ ဇာတ်ကောင်စရိုက်တွေကို တစ်ယောက်ချင်းစီက သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ကျွန်တော်လည်း အဲဒီဇာတ်ကောင်တွေထဲက တစ်ခုအနေနဲ့ ပါဝင်ရမှာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ကောင်းကင်မရှိတဲ့ ကြယ်’’ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပြည်ပနိုင်ငံတွေအထိမှာပါ သွားရောက်ပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။ ဒီဇာတ်ကားထဲမှာ မြန်မာနိုင်ငံက သရုပ်ဆောင်တွေအပြင်၊ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတွေက သရုပ်ဆောင်တွေလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

‘’ ဒီဇာတ်ကားကို ဦးဆောင်မယ့် သူတွေရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာသာမက တခြားနိုင်ငံတွေမှာပါ ပြသနိုင်ဖို့ အထိ ရည်မှန်းထားကြပါတယ်။ ဒီအချိန်မှာတော့ စပြီးရိုက်ကူးပြသမယ့် အခြေအနေပဲရှိပါသေးတယ်။ ဒီရည်မှန်းချက်တွေပြည့်အောင်လို့လည်း ကျွန်တော်က ကိုယ်ရထားတဲ့ တာဝန်တွေကို ကျေပွန်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



Share

Loading Next Article...
က္က