ပိုးမဒီ ဇာတ်ကောင်ကို ဝိုင်းဝန်းပုံဖော်ပေးခဲ့ကြတာပါ။

ပိုးမမှီသာကတော့ သူမကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ “ပိုးမဒီ” ကာရိုက်တာအပေါ် ပရိသတ်တွေရဲ့ အကြံပေးမှုတွေကို နားထောင်နေတယ်လို့ ဆိုပါတယ်။ 

ပိုးမမှီသာကတော့ သူမရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးအတွက် အရမ်းစိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီးထဲက ပိုးမဒီ ကာရိုက်တာအတွက်လည်း စီနီယာအနုပညာရှင်တွေရဲ့ သင်ကြားမှုနဲ့ ကြိုးစားခဲ့တယ်လို့ သူက ပြောပါတယ်။ 



“ညီမကိုယ်တိုင်က သရုပ်ဆောင်အလုပ်ဆိုတာကို လုံးဝ လုံးဝ မသိတဲ့အချိန်မှာ ကာရိုက်တာ တစ်ခုကို ဘယ်လို တည်ဆောက်ရတယ်၊ ဇာတ်ဝင်ခန်း တစ်ခန်းစီတိုင်းမှာ စကားဘယ်လိုပြောရတယ်ဆိုတာကို မသုနဲ့ ကိုစိုင်း တို့ နှစ်ယောက်က အရင်ဆုံးပြောပြတယ်။ ပြီးတော့မှ ညီမက လိုက်လုပ်တယ်။ အဲဒီအတွက် ကိုစိုင်းကိုရော မသုကိုရော ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Sai Sai

ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားကို ဒီနေ့ (မတ်လ ၅ ရက်)က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိ တဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ မီးပွားက ပုံဖော်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာနဲ့အတူ ကျော်သူ၊ စိုးမြတ်သူဇာ နဲ့ အေးမြတ်သူတို့ကလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

Photo: Sai Sai

“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီး မရိုက်ခင်က သရုပ်ဆောင်ပိုင်ဖြိုးသုက ပိုးမမှီသာကို ဇာတ်ကောင် နဲ့ ပတ်သက်တဲ့ သရုပ်ဆောင်မှုတွေကို သေသေချာချာ သင်ကြားပေးတယ်လို့ ဆိုပါတယ်။ ပိုးမမှီသာအတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ရတယ်လို့ သိရပါတယ်။ 

“ ညီမက အသစ်ဆိုတော့ ငါ ဒီလိုလုပ်မယ်လို့ ဂျက်ကျလက်ကျ သိတာထက် အကြီးတွေ သင်ပြတဲ့အရာကို အကောင်းဆုံးကြိုးစားခဲ့တာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အားကျစရာကောင်းတယ်။ တော်လိုက်တာလို့ မထင်ပါဘူး။ ရုံတင်ရင်တော့ ပရိသတ်ဆီက ဘာတွေ ပြန်ကြားရမလဲဆိုတာ ရင်ခုန်ရင်းနဲ့ စောင့်မျှော်နေပါတယ်” လို့ မတ်လ ၃ ရက်နေ့ ညက ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘’သိင်္ဂါရ သီချင်းတစ်ပုဒ်’’ ဆိုတဲ့ Music MTV လေးကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာ များစွာတို့ကို ရိုက်ကူးနေရသူဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က