“ဖြေ” ဆိုတဲ့ သီချင်းလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ပိုပိုကတော့ သူ့ရဲ့ Music Video အသစ်လေးကို မင်းသားချော စိုင်းဝဏ္ဏအောင်နဲ့ အတူတွဲ ရိုက်ကူးခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

အချစ်သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် ပိုပိုဟာ သီချင်းအသစ်လေးဖြစ်တဲ့ “ဖြေ” ဆိုတဲ့ သီချင်းလေးကို သရုပ်ဆောင် စိုင်းဝဏ္ဏအောင်နဲ့ တွဲဖက်ပြီး Music Video ရိုက်ကူးနေတဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 



“ စိုင်းဝဏ္ဏအောင်နဲ့ သရုပ်ဆောင်ရတာက သိပ်ပြီးတော့လည်း ပြောစရာမလိုပါဘူး။ အရင်တုန်းကလည်း အတူတူရိုက်ခဲ့ဖူးတယ်။ အဆင်လည်းပြေတယ်။ ရုပ်ကလည်း ချောတယ်၊ သဘောကလည်း ကောင်းတယ်။ သရုပ်ဆောင်လည်းကောင်းတယ်သူက” ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့က Music Video ရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

“ ဖြေ” ဆိုတဲ့ သီချင်းလေးကိုလည်း ဇာတ်ညွှန်းကောင်းကောင်းလေးနဲ့ ရိုက်ကူးထားတယ်လို့ ပိုပို က ဆိုပါတယ်။ ဒီ Music Video မှာ စိုင်းဝဏ္ဏအောင် နဲ့အတူ Tik Tok ဆယ်လီ နေဆန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

“ ဇာတ်လမ်းလေးကတော့ အလွမ်းလေးပါတယ်။ ပရိသတ်တွေကတော့ မင်းသားနှစ်ယောက်ထဲမှာ ဘယ်သူနဲ့ ညားမလဲဆိုတာ သိချင်ကြမှာပဲလေ။ သီချင်းအားလုံးအဆုံးမှာတော့ ဘယ်သူနဲ့ ညားမလဲဆိုတာ သိမှာပါ။ ဒီ Music Video လေးက အရမ်းလည်းမိုက်တယ်၊ ပိုပို ကိုယ်တိုင်ကလည်း ကြိုးစားတယ်။ ပိုပို ရိုက်နေကြ ပုံစံလေးထဲကနေပြီးတော့ ခွဲထွက်ထားတဲ့ ပုံစံလေး ဖြစ်မှာပါ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က