သူ့ရဲ့ အနုပညာသက်တမ်းမှာ မလုပ်ဖူးသေးတဲ့ ကာရိုက်တာပါ။

သက်မွန်မြင့်ကတော့ သူမအတွက် စိန်ခေါ်မှုအသစ်ဖြစ်စေမယ့် ကာရိုက်တာကို အရမ်းရိုက်ချင်နေပြီလို့ ပြောပါတယ်။ စကားမပြောတတ်တဲ့ မိန်းကလေးတစ်ယောက် ကာရိုက်တာကိုတော့ တစ်ခါမှ သရုပ်မဆောင်ဖူးသေးပါဘူးတဲ့။

သက်မွန်မြင့်ကတော့ သူမရဲ့ အနုပညာသက်တမ်း ၁၀ စုနှစ်ကျော်မှာ မရိုက်ဖူးသေးတဲ့ ကာရိုက်တာရှိတယ်လို့ ဆိုပါတယ်။ ဒီကာရိုက်တာကတော့ စကားမပြောတတ်တဲ့ ကောင်မလေးတစ်ယောက် ကာရိုက်တာကိုတော့ တစ်ခါမှ မရိုက်ဖူးသေးဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ အ အ ကာရိုက်တာ အခုထိ မလုပ်ဖူးသေးဘူး။ အဲဒီဇာတ်ကားရိုက်ဖို့ တည်နေတာလည်း နှစ်တော်တော်ကြာနေပြီ။ အခုထိလည်းမရဘူး။ ကိုယ်ကိုယ်တိုင် ထုတ်ရိုက်ဖို့ ကြိုးစားတော့လည်း အဆင်မပြေဘူးဆိုတော့ အ အ ကာရိုက်တာ မရိုက်ရသေးဘူး။ မျက်လုံးနဲ့ပဲ သရုပ်ဆောင်ရတဲ့ ကာရိုက်တာကို အရမ်းရိုက်ချင်တယ်။ စကားမပြောရတဲ့အခါကျတော့ ကိုယ့်ခံစားချက်ကို မျက်နှာမှာပဲ အကုန်လုံးပြရတာဆိုတော့ အဲဒီကာရိုက်တာက စိန်ခေါ်မှုအများကြီးရှိပါတယ်”လို့ သူကဆိုပါတယ်။

Photo: Thet Mon Myint

‘ အ’ နေတဲ့ ကောင်မလေး ဇာတ်ရုပ်ကို ရိုက်ချင်တဲ့ ရည်ရွယ်ချက်ကိုလည်း သက်မွန်မြင့်က ပြောပြခဲ့ပြန်ပါသေးတယ်။ သူမအတွက် ကြိုးစားမှု အသစ် တစ်ခုဖြစ်စေမယ်လို့လည်း ပြောပါတယ်။

“ ဘယ်ကာရိုက်တာမှ လွယ်ကူတယ်လို့ မဆိုလိုပါဘူး။ ရိုက်နေကြဖြစ်သွားတဲ့ ကာရိုက်တာတွေကျတော့ ထမင်းစား၊ ရေသောက်ဖြစ်သွားတာပေါ့နော်။ တချို့ကျတော့လည်း အခုချိန်ထိကို ခက်ခဲတာတွေရှိတယ်။ ကိုယ် Mood ရရင် ရသလောက် လွယ်တာရှိတယ်၊ ခက်တာရှိတယ်။ တချို့ကျတော့ ကိုယ်မလုပ်ဖူးသေးတဲ့ပုံစံ၊ ကိုယ်နဲ့ မအပ်စက်တဲ့ ပုံစံ သပ်သပ်ကြီး ကြိုးစားရတာပေါ့နော်။ အဲဒီလိုမျိုးကို ပိုပြီးတော့ ကြိုက်တယ်”ဆိုပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့က “ဗိုလ်နေတိုး”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

အခုချိန်မှာတော့ သက်မွန်မြင့်က လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ကာရိုက်တာကို အဓိက ထားရွေးချယ်ပြီးရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်တုန်းကတော့ တစ်လကို တစ်ကားပဲရိုက်မယ်လို့ သတ်မှတ်ဖူးတယ်။ ဒါပေမယ့် တကယ်တမ်းကျရင် အဆင်မပြေဘူး။ လာငှားတဲ့အချိန်မှာ ကိုယ်မကြိုက်တဲ့ ဇာတ်ဆိုရင် ကိုယ်ငြင်းလိုက်တယ်၊ အဲဒီအခါကျရင် တစ်လ နောက်ဆုတ်သွားတယ်။ ရိုက်မလို့တည်ပြီးမှ ထုတ်လုပ်ရေးပိုင်းက အခက်အခဲကြောင့် ပျက်သွားတာမျိုးရှိတယ်။ အခုတော့ ကိုယ်ရိုက်ချင်တဲ့ ဇာတ်မျိုးကို အကုန်ညှိပြီးတော့ ရိုက်လိုက်တာပဲ” လို့ ဆိုပါတယ်။ 

Photo: Thet Mon Myint

သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က