ဝမ်းသာစရာ သတင်းပါပဲ။
Ei Ei Myat

ဟာသလူရွှင်တော် ဦးမန်းဝင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကတော့ မကြာခင် ပြည့်တော့မှာ ဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာခံစားနေရရင်း မျက်စိလည်း မမြင်ရတော့တဲ့  ဦးမန်းဝင်းရဲ့မျက်လုံးကို စင်ကာပူက ခွဲစိတ်ဆရာဝန်ကြီးက တာဝန်ယူပြီး ခွဲစိတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

Photo : ဦးမန်းဝင်း

ကျောက်ကပ် ဝေဒနာ ခံစားနေရပြီး မျက်လုံးနှစ်လုံး မမြင်ရတော့တဲ့ ဟာသလူရွှင်တော် သရုပ်ဆောင်မန်းဝင်းက မျက်လုံးနှစ်လုံး ပြန်မြင်ချင်တာက သူ့ရဲ့ အဖြစ်ချင်ဆုံးဆန္ဒပါလို့ ဆယ်လီရပ်ကွက်ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ အဲဒီအင်တာဗျူးကို စင်ကာပူက ခွဲစိတ်ဆရာဝန်ကြီးက တွေ့သွားပြီး ဦးမန်းဝင်းအတွက် ကူညီခဲ့တာ ဖြစ်တယ်လို့ ဦးမန်းဝင်းရဲ့ ဇနီးက Duwun Media ကို ပြောပါတယ်။

“ဦးမန်းဝင်းရဲ့ မျက်စိကို ဆရာဝန်ကြီးတစ်ယောက်က ခွဲပေးဖို့အတွက် စိတ်စေတနာ ပေါ်လာတယ်။ အဲဒီဆရာဝန်ကြီးနဲ့ ကိုရဲအောင်နဲ့ ရင်းနှီးတယ်။ကိုရဲအောင်က အားလုံးဆက်သွယ် ကူညီပေးတယ်။ စောင့်ရှောက်ပေးတယ်။ စင်ကာပူက ဆရာဝန်ကြီးက ကူညီပေးတယ်။ မနက်ဖြန် ခွဲမယ်။ မနေ့က အားလုံး စစ်ဆေးပြီးတဲ့ အခြေအနေအရဆိုရင် မျက်စိထဲမှာ တိမ်တွေရှိနေတယ်။ သွေးကြောတွေကလည်း ပေါက်ထားတယ်။ တိမ်တွေ သွေးစတွေကို ဖယ်နိုင်ရင် ပြန်မြင်နိုင်ဖို့က ရာနှုန်းပြည့်ပဲလို့ ပြောပါတယ်” လို့ ဆိုပါတယ်။

Photo : ဦးမန်းဝင်း

လူရွှင်တော်ကြီး မန်းဝင်ဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေးနေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။ ကျောက်ကပ် တစ်ခါဆေးရင် ၁ သိန်းကုန်ကျစာရိတ်ရှိတယ်လို့ သူကဆိုပါတယ်။ အခုဆိုရင်တော့ အကြိမ် ၃၀၀ခန့်ရှိပြီလို့ သိရပါတယ်။



မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။


က္က