လောကသားတွေအချင်းချင်း ကူညီကြတာတွေ့ရလို့ ဝမ်းသာတယ်။

စိုးပြည့်သဇင်ဟာ COVID-19 ကာလ အတွင်းမှာ အနုပညာကြေးရတာ နည်းပါးတဲ့ စက်မှုလုပ်သားတွေ အတွက် စိတ်ပူနေခဲ့ရတယ်လို့ဆိုပါတယ်။ 

Photo: Soe Pyae Thazin



သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ Covid ကာလမှာ အနုပညာလောကသားတွေထဲက စက်မှုအလွှာမှာ အလုပ်လုပ်ကြသူတွေအတွက် စားဝတ်နေရေးအခက်အခဲဖြစ်မှာ စိတ်ပူနေခဲ့တာပါတဲ့။သူမကိုယ်တိုင်လည်း တတ်နိုင်သလောက် အလှူလေးတွေ လုပ်တယ်လို့ Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“Covid ကာလအတွင်းမှာ အဓိက ကတော့ စိုးပြည့် ဂရုဏာသက်မိတာက စက်မှုအလွှာပါ။ ရုပ်ရှင်အဖွဲ့အစည်းတစ်ခုမှာဆိုရင်လည်း အနုပညာကြေးအနေနဲ့ အနည်းဆုံးသူတွေဖြစ်တဲ့အတွက် ပိုပြီးတော့ ကရုဏာသက်မိတယ်။ တတ်နိုင်သလောက် လှူတာတွေလည်းရှိတယ်။ Covid စဖြစ်ကာစက သူတို့အတွက် ပိုပြီးတော့ စိတ်ပူတယ်။ လုပ်ငန်းတွေ လည်ပတ်နေမှ အဆင်ပြေတာလေ ဒါပေမယ့် ရုပ်ရှင်အစည်းအရုံးကရော၊ လောကသားတွေကပါ ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့အပေါ်မှာလည်း အရမ်းဝမ်းသာမိတယ်” ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့က ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးလုပ်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Soe Pyae Thazin

COVID-19 ကာလဖြစ်တာကြောင့်အနုပညာအလုပ်တွေလည်း ရပ်နားထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ စိုးပြည့်သဇင်က ပြောလာပါတယ်။ 

“ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ပရိသတ်တွေ အနေနဲ့လည်း သေသေချာချာလေး စည်းကမ်းတကျ နေထိုင်မယ် ဆိုရင် ပိုကောင်းပါတယ်။ အခုလည်းစိုးပြည့်တို့ ကျော်ဖြတ်နေပြီလို့ထင်ပါတယ်။ ရောဂါပိုး တွေ့ရှိ တဲ့သူတွေလည်း နည်းသွားပြီလို့ထင်ပါတယ်။ ကံတရားက စိုးပြည့်တို့ မြန်မာနိုင်ငံဘက်ကို အများကြီး ပါတယ်လို့ ထင်တဲ့အတွက် စည်းကမ်းလေးတွေ ထိန်းသိမ်းစေချင်တယ်။ အားလုံးသာ သတိထားပြီး ဆောင်ရွက်ကြမယ်ဆိုရင် ဒီကာလကြီးကို ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ "မိုးည အိပ်မက်မြူ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု အဖြစ် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က