မြမြ ဆိုတဲ့ကောင်မလေးအတွက် စိတ်မကောင်းပါဘူးတဲ့။

သင်ဇာဝင့်ကျော်က ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်လာမယ့် ‘’မြ’’ရုပ်ရှင်ဇာတ်ကား အတွက် စိတ်လှုပ်ရှားလို့နေပါတယ်။ ‘’မြမြ’’ ဆိုတဲ့ မိန်းကလေးအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆိုပါတယ်။

Photo: Amazing Grace



သင်ဇာဝင့်ကျော်ဟာ ‘’မြ’’ ဇာတ်ကား နဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာထားတာတွေရှိတယ်လို့ဆိုပါတယ်။ သူမဟာ ပရလောက နဲ့ ပတ်သက်ပြီးတော့လည်း မြင်ဖူး တွေ့ဖူးခဲ့သူတစ်ယောက်ပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’ ပရလောကတွေနဲ့ ကြုံဖူးတယ်။ အသံပေးတာတို့၊ အရိပ်ပြတာတို့တွေ မြင်ဖူးတယ်။ အခုကကျတော့ ဖြစ်ရပ်မှန် ဇာတ်ကားရိုက်ရတော့မှာဆိုတော့ ကြောက်တော့ ကြောက်တာပေါ့နော်။ အပြင်မှာ ဘုရား၊ တရားပိုလုပ်ရမှာပေါ့။ ဒါပေမယ့်လည်း သင်ဇာက ဒီဇာတ်ကားရိုက်တော့မယ်ဆိုရင် ကြောက်စိတ်ကိုမရှိတော့တာ သူ့အလိုလို ပျောက်သွားတာပေါ့နော်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၀ ရက်နေ့က မုဒိမ်းဇာတ်ရုပ်အတွက် ကာရိုက်တာ ရွေးချယ်တဲ့ ပွဲမှာ ပြောပြခဲ့တာပါ။

Photo: Amazing Grace

သူမက ‘’မြမြ’’ ဆိုတဲ့ ကောင်မလေးရဲ့ အကြောင်းတွေကိုလည်း သိခွင့်ရလိုက်တဲ့အချိန်မှာ တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဖွင့်ပြောပြလာပါတယ်။

‘’ ဒီကိစ္စဖြစ်တဲ့အချိန်က သင်ဇာ ရန်ကုန်မှာ မရှိဘူး။ ခရီးရောက်နေတာဆိုတော့ ဂဃဏန တော့မသိဘူးပေါ့နော်။ နောက်ပိုင်းကျတော့မှ ကိုညို ဒီဇာတ်ကားလေးရိုက်မယ်ဆိုတော့မှ သေချာ ကြည့်လိုက်တော့ သရဲဝင်ပူးတဲ့ဟာတွေပါတော့ စိတ်လည်းမကောင်းဘူး။ တကယ်လည်း ရှိခဲ့မယ်ဆိုရင် ရင်ထဲ တကယ်မကောင်းပါဘူး’’ လို့ ဆိုပါတယ်။

Photo: Amazing Grace

‘’မြ’’ ရုပ်ရှင်ဇာတ်ကားကို ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သင်ဇာဝင့်ကျော်၊ ဖြိုးမြတ်အောင်၊ ဒီးဒီး၊ မျိုးလှိုင်ဝင်း၊ လင်းနေ နဲ့ ကိုစိုင်း တို့က အဓိက သရုပ်ဆောင်တွေ အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ မြ ဇာတ်ကားကိုတော့ တကယ်အမှုဖြစ်ခဲ့တဲ့ တောင်ဒဂုံစက်မှုဇုန်မှာပဲ ရိုက်ကူးသွားမယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီဇာတ်ကားကို အောက်တိုဘာလ အတွင်းမှာ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

Photo: Amazing Grace

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က