အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

နေတိုး၊ မြတ်ကေသီအောင် တို့ ပါဝင်ကြမယ့် စပွန်ဆာရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကား အကြောင်းကိုလည်း ပါဝင်ကြမယ့် အနုပညာရှင်တွေက အခုလို ပြောပြထားပါတယ်။

စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို အောက်တိုဘာလ ၁ ရက်နေ့ ညက သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ နေတိုးက သူ သရုပ်ဆောင်ရတဲ့ ကာရိုက်တာကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် မိတ်ဆက်ပေးခဲ့ပါတယ်။



‘’စပွန်ဆာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ အလုပ်လုပ်ကြတယ်။ ဒီစကားလုံးက မိသားစုအတွက် ပြေလည်အောင် ဆုံးဖြတ်တဲ့အချိန်မှာ ဆုံးဖြတ်ချက်တစ်ခု မှားယွင်းမှုကြောင့် ဒီခေါင်းစဉ်လေးဖြစ်လာတာပေါ့။ ဇာတ်လမ်း ဇာတ်အိမ်ကတော့ အကြမ်းဖျင်းကြည့်မယ်ဆိုရင် အရမ်း ကြီးထူးခြားတယ်လို့ ပရိသတ်က ထင်မိမှာပဲ အဓိက ကတော့ မိသားစုတွေရဲ့ ဘဝကိုပဲ ထိထိ မိမိရိုက်ထားတဲ့ ဇာတ်လမ်းပေါ့နော်’’ လို့သူကဆိုပါတယ်။

 

အဲဒီနောက် မြတ်ကေသီအောင်ကလည်း သူ့ရဲ့ ကာရိုက်တာအကြောင်းကို ပြောပြလာပါတယ်။ အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

‘’ဇာတ်ညွှန်းဖတ်တုန်းက ဒီကာရိုက်တာမျိုးလုပ်ရမယ်လို့ မထင်ထားဘူး။ ရိုက်ကွင်းပေါ်ရောက်မှ ဒါရိုက်တာက ဘယ်လို ရိုက်ရမယ်ဆိုတာကို ပြောပြတယ်။ ဒီဇာတ်ကားထဲမှာ ကိုနေတိုးက အရင်က မိန်းကလေးတွေနဲ့ ဘယ်လို တွေ့ဆုံခဲ့သလဲဆိုတာကိုကြည့်တယ်။ အစ်မ နဲ့ တွေ့ရမယ့် အခန်းမှာတော့ ပရိသတ်ကို အမြင်မတူအောင် ပြချင်တယ်ပေါ့နော်။ သူ့ကို အရမ်းစွဲလမ်းသွားတဲ့သူတစ်ယောက်အဖြစ် ရိုက်ရမယ်ဆိုတော့ ဘယ်လိုလေးတွေ လုပ်ကြမယ် ဆိုတာကို တိုင်ပင်ပြီးတော့ရိုက်ခဲ့ရတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

နေတိုး၊ ရဲလေး တို့ရဲ့ ညီမလေး တစ်ယောက်အဖြစ် မြင်တွေ့ရမယ့် ပိုင်ဖြိုးသု ကလည်း ဒီဇာတ်ကားအကြောင်း မိတ်ဆက်ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ သုသုရဲ့ ကာရိုက်တာကတော့ မောင်နှမ သုံးယောက်ရှိတဲ့အထဲမှာ အငယ်ဆုံးပေါ့နော်။ ညီမလေး စိုးစိုးဝေ ပေါ့နော်။ ဒီဇာတ်ကားက မိသားစု Every Drama ပေါ့နော်။ သုသုရဲ့ ကာရိုက်တာကလည်း တော်တော် ကြိုးစားရတဲ့ အပိုင်းတွေ ပါတယ်။ အခုလတ်တလောမှာလည်း ကိုနေတိုးနဲ့ပဲ ဇာတ်ကားရိုက်နေတာပါပဲ’’ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ က ‘’စပွန်ဆာ’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

စပွန်ဆာ ရုပ်ရှင်ဇာတ်ကား ကို နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ရဲလေး၊ မြတ်ကေသီအောင်၊ ပိုင်ဖြိုးသု၊ ဝါဝါအောင် တုု့ိက အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုတော့ အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က