အတွေးအခေါ်လေးတွေ ကောင်းကြပါတယ်။

နေတိုးဟာ ‘’စပွန်ဆာ’’ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ စိတ်ဝင်တစားရှိလှတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကို အောက်တိုဘာလမှာရုံတင်မယ်လို့လည်း သတင်းကောင်းပါးခဲ့ပါသေးတယ်။

‘’စပွန်ဆာ’’ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းထဲက ဓာတ်ပုံတွေကတော့ ဟာသလုပ်သူ၊ ဝေဖန်သူတွေရဲ့ ကြားက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လို့ခဲ့ပါတယ်။ ဒီအကြောင်းအရာအပေါ်မှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးက မီဒီယာတွေကနေတဆင့် အခုလို ပြောပြခဲ့ပါတယ်။



‘’ဒီ ပုံတွေက ကျွန်တော်တို့ရိုက်ခဲ့တာဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ စိတ်ဝင်စားမှုကို ရနေတယ်လို့တော့ မြင်မိပါတယ်။ ဒီ Marketing ပိုင်းကတော့ တော်တော်လေး အတွေးအခေါ်ကောင်းတယ်လို့ မြင်တယ်။ စပွန်ဆာလို့ နာမည်ပေးဖြစ်တာက ခေတ်အခြေအနေတစ်ခုမှာ စကားလုံး က အရမ်း ဟော့ဖြစ်နေတယ်ပေါ့နော်။ ခေတ်ရေစီးကြောင်းပေါ်မှာ သုံးနှုန်းနေတဲ့ အသုံးအနှုန်းတစ်ခုအပေါ်မှာပဲ အခြေခံပြီး နာမည်ပေးထားတာပါ’’ လို့ သူကဆိုပါတယ်။

Photo: စပွန်ဆာ

‘’စပွန်ဆာ’’ရုပ်ရှင်ဇာတ်ကားကြီးဟာ ဇာတ်ကား ထွေလာတောင် မမိတ်ဆက်ရသေးခင် ဇာတ်ဝင်ခန်းဓာတ်ပုံတွေကိုတောင် ပရိသတ်တွေက စိတ်ဝင်တစားဖြစ်လို့နေကြပါတယ်။ ဒီဇာတ်ကားကိုတော့ အောက်တိုဘာလ အတွင်းမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

‘’စပွန်ဆာရုပ်ရှင်ဇာတ်ကားကြီးက နောက်လဆိုရင် ရုံတင်ဖို့ လုပ်ထားတယ်ပေါ့နော်။ အဲဒီရုပ်ရှင်က အခုလည်း အွန်လိုင်းမှာ တော်တော်လေး ဟော့နေတယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒီဇာတ်ကားလေးကလည်း ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက Mytel ရဲ့ Brand Ambassador ခန့်အပ်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ အကြောင်းအရာတွေကိုတော့ နေတိုးက မပြောပြခဲ့ပေမယ့် အားလုံးကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း သူကပြောခဲ့ပါသေးတယ်။

‘’ ဒီဇာတ်ကားကပေးချင်တဲ့ မက်ဆေ့ချ်ကိုတော့ မပြောချင်သေးဘူး။ ဒါပေမယ့် ဒီဇာတ်ကားသည် မိသားစုဘဝ တစ်ခုအပေါ်မှာ အခြေခံပြီးတော့ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ ကိုယ့်ရဲ့ အသွေးအသားတွေအပေါ်မှာ ပေးဆပ်ပြီးတော့ ချစ်တယ်ဆိုတဲ့ အစ်ကို အကြီးဆုံးတစ်ယောက်ရဲ့ မေတ္တာတရားတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: စပွန်ဆာ

စပွန်ဆာရုပ်ရှင်ဇာတ်ကားကြီးကို နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ရဲလေး၊ ကျော်ကျော်၊ ပိုင်ဖြိုးသု၊ မြတ်ကေသီအောင် တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ နေတိုးဟာ သူပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်တတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က