ဇနီးချောလေးကလည်း အစစအရာရာ ပံ့ပိုးပေးပါတယ်တဲ့။
Sabal Thwin

အဆိုတော်ကောင်းကောင်းက ချောမောလှပတဲ့ ဇနီးလေး နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထား နိုင်ပါပြီ။ အရမ်းကို ချစ်စရာကောင်းတဲ့ သားလေးအကြောင့်နဲ့ အစစအရာရာပံ့ပိုးပေးတတ်တဲ့ ဇနီးချောလေးအကြောင်း ကိုလည်း ပြောပြလာပါတယ်။

Photo: Xiao Mei Mei Facebook

 

အဆိုတော်ကောင်းကောင်းက အခုဆိုရင် ချောမောလှပတဲ့ ဇနီးလေးနီလာထူး နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင် ထား နိုင်ပါပြီ။ လွတ်လပ်တဲ့ ဇနီးမောင်နှံ နှစ်ယောက်မှာ ချစ်စရာသားလေးရှိလာပြီဖြစ်လို့ အရမ်းကို ပြည့်စုံတယ်လို့ ဆိုပါတယ်။ သားလေးရဲ့ ထူးခြားချက်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' သားလေးရဲ့ ထူးခြားချက်က Ever Smile ပဲ သူအိပ်ရာနိုးလာတာနဲ့ အမြဲတမ်းပြုံးနေတော့တာပဲ။ ညဘက်ဆိုလည်း သူက အိပ်လိုက်နိုးလိုက် ဆိုတော့ ကိုယ်တွေကိုယ်တိုင် နို့ထဖျော်ပေးရတာတွေရှိတယ်။ မနက်ပိုင်းဆိုလည်း ကျွန်တော်တို့ထက် အိပ်ရာစောစောနိုးပြီး အဖေကို စလိုက်၊ အမေကို စလိုက်နဲ့ တော်တော်ကို ချစ်စရာကောင်းပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Xiao Mei Mei Facebook

 

ဂီတနဲ့ ပတ်သက်ပြီး သီချင်းရေးလိုက်၊ သီချင်းဆိုလိုက် နဲ့ အလုပ်တွေရှုပ်နေတဲ့ အဆိုတော် ကောင်းကောင်းကတော့ သူ့ရဲ့ ဇနီးလေးက ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်လို့သိရပါတယ်။ အစစအရာရာ ပံ့ပိုးပေးတဲ့ ဇနီးလေး အကြောင်းကိုလည်း သြဂုတ်လ ၁၂ ရက်နေ့က A moment of Love Wedding Showcase ပွဲကြီးမှာ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ဇနီးဖြစ်သူကလည်း အရမ်း ပံ့ပိုးပေးပါတယ်။ ကျွန်တော် သီချင်းရေးတဲ့အခါမှာလည်း သူက ကော်ဖီပေါ့ပေါ့လေးကြိုက်တော့ အမြဲတမ်း ကော်ဖီဖျော်ပေးတယ်။ ကျွန်တော်မအိပ်ပဲနဲ့ သူမအိပ်ဘူး ကလေးတာဝန်လည်း သူက ပိုယူရတာ ပိုပင်ပန်းတယ်။ ကျွန်တော့်ရဲ့ အစစအရာရာ ကအစ သူဖြည့်ဆည်းပေးတယ်ဆိုတော့ အရမ်းကို ချစ်ဖို့ကောင်းပါတယ်'' လု့ိ ကောင်းကောင်းက ပြောပါတယ်။

Photo: Xiao Mei Mei Facebook

 

အဆိုတော်ကောင်းကောင်းက အခုလက်ရှိမှာ မိသားစုကို အချိန်ပိုပေးရင်း သီချင်းတွေ ရေးနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် အခွေထွက်နိုင်ဖိို့လည်း ကြိုးစားနေတာဖြစ်ပါတယ်။ကောင်းကောင်းဟာ အိမ်ထောင်ပြုပြီးသွားတဲ့နောက် ပရိသတ်အရှေ့ သိပ်မရောက်ဖြစ် တဲ့အတွက် အဆိုတော်မလုပ်တော့ဘူးလားလို့ မေးတဲ့ ပရိသတ်တွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Xiao Mei Mei Facebook

သားလေးကို ချစ်မဝဖြစ်နေတဲ့ ကောင်းကောင်း 

အနုပညာအလုပ်တွေ လှုပ်ရှားမှု သိပ်မရှိခဲ့တာကြောင့်လည်း ပရိသတ်ရဲ့ အားပေးမှုတွေ ဆုံးရှုံးခဲ့ရတယ်လို့ ကောင်းကောင်းက ပြောပါတယ်။

အဆိုတော်ကောင်းကောင်းနဲ့ နီလာထူး(Mei Mei)တို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်(၂၃)ရက်နေ့က အမေရိက နိုင်ငံ၊ နီဘရာစကာပြည် နယ်၊ အိုမဟာမြို့ ကရင်နှစ်ခြင်းရီဗာ ဘုရားကျောင်းတွင် လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ်။

 


Author


က္က