ဒီ စစ်ဘေးဆိုတာကို ငယ်ငယ်ကတည်းက ခံစားခဲ့ဖူးပါတယ်။
Sabal Thwin

အောန်ဆိုင်းကတော့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီလို စစ်ဘေးခံစားနေရတဲ့ကာလတွေကလည်း နှစ်တွေအများကြီး ကြာခဲ့ပါပြီတဲ့။

Photo: Awn Seng

ပရိသတ်အချစ်တော် မော်ဒယ်မင်းသမီးချောလေး အောန်ဆိုင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ် ဘေးနဲ့ပတ်သက်ပြီးတော့ စိတ်မကောင်းဖြစ်လို့နေပါတယ်။ စစ်ဘေးအတွင်းထဲမှာ ခံစားနေရတဲ့ ပြည်သူတွေအတွက် ကိုယ်ချင်းစာမိတဲ့အကြောင်းတွေကို Duwun Media ကနေ ရင်ဖွင့်ပြောပြလာပါတယ်။

‘’ ဒီ ကိစ္စက ခံစားခဲ့ရတဲ့နှစ်တွေက မနည်းတော့ပါဘူး။ စစ် ဆိုတာလေ။ အောန်ဆိုင်းတို့ ငယ်ငယ်တုန်းကဆိုရင် စစ်တောင်ဖြစ်သေးတယ်။ အခုချိန်ထိလည်း ကျွန်မတို့ဒေသတွေမှာ မငြိမ်းချမ်းသေးဘူး။ ကြားတဲ့လူတွေတောင် စိတ်မကောင်းဖြစ်ရင် စစ်သံတွေကြားထဲမှာ နေတဲ့လူက ဘယ်လောက်ပူလောင်နေမလဲ။ ဘယ်လောက် စိတ်သောကရောက်ပြီး ဆုံးရှုံးသွားတဲ့လူတွေအတွက် ဘယ်လောက်ကြေကွဲရမလဲနော်။ စစ်ဆိုတာ ဘယ်သူမှလည်း မလိုချင်ပါဘူး။ ကျွန်မတို့နိုင်ငံကြီး အမြန်ဆုံးငြိမ်းချမ်းပါစေပေါ့နော်’’ လို့ဆိုပါတယ်။

ပြည်သူတွေ ထိခိုက်နာကျင်ရမယ့် စစ် တွေ အေးချမ်းစေချင်ပြီလို့လည်း အောန်ဆိုင်းက ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ရင်ထဲကနေ ဆုတောင်းနေမိတယ်လို့ဆိုပါတယ်။

‘’ အောန်ဆိုင်းကတော့ ဆုတောင်းပေးတာပါပဲ။ ဒါပေမယ့် နိုင်ငံအတွက် တကယ်ဆုံးဖြတ်ချက်ချပေးနိုင်မယ့် နိုင်ငံ့အကြီးအကဲတွေ၊ Power ရှိတဲ့လူတွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ပါစေ။ ကိုယ့်တိုင်းပြည် ကို ချစ်တဲ့စိတ်က လူတိုင်းရှိပါတယ်။ ဆုံးဖြတ်တဲ့နေရာမှာ မှန်ကန်ပါစေ ဆိုပြီးတော့ အမြဲတမ်းဆုတောင်းပေးပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့က Monster Cheese ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။

Photo: Htet Paing Ye

နာမည်ကျော် မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အောန်ဆိုင်းဟာ ဒီနေ့ အချိန်ထိ ပရိသတ်အချစ်ကို ခိုင်ခိုင်မာမာရရှိ ထားတာ ဖြစ်ပါတယ်။ Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းကတော့ လက်တလောမှာ မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာတွေ ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း မကြာခဏ ပါဝင်သရုပ်ဆောင်နေပြီလိ့ုလည်း သိရပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့သာ ရပ်တည်သွားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


က္က