သူမက အခုချိန်မှာ စီးပွားရေးကို ပိုဦးစားပေးလုပ်ကိုင်နေသူ တစ်ယောက်ပါ။

သီရိဂျေမောင်မောင်ကတော့ သူမရဲ့ မွေးနေ့အလှူကို နေရာ ၂ နေရာမှာ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဂီတအလုပ်တွေထက် စီးပွားရေးကို ပိုဦးစားပေးနေတာ တွေ့ရပါတယ်။ 

Photo: Thiri J Mg Mg



သီရိဂျေမောင်မောင် ကတော့ သူမရဲ့မွေးနေ့ တစ်ရက်တာကို အလှူအတန်းတွေ လုပ်ရင်းဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ အလှူကိုတော့ ရန်ကုန်ဆေးရုံကြီးနဲ့ စစ်ကိုင်းတောင်ရိုး တို့မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"မွေးနေ့ သောကြာ ၇ ရက် ဖေဖော်ဝါရီမှာ လှူဖြစ်ခဲ့တဲ့ကုသိုလ်ကောင်းမှူလေးပါ။ ရန်ကုန်ဆေးရုံကြီးတွင် နံနက်ခင်းစာ နေ့လည်နှင့် ညနေစာများအား လည်းကောင်း သီတဂူဆရာတော်ဘုရားမှတဆင့် စစ်ကိုင်းတောင်ရိုး ရှိသူတော်စင်များအတွက် ရေပဒေသာပင်အလှူအားလည်း တတ်အားသရွေ့ အလှူဒါန ပြုပါတယ် မိတ်ဆွေများလည်း ထပ်တူအမျှရ၍ ချမ်းသာကြပါစေသော် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

သီရိဂျေမောင်မောင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ရပ်နားထားတာ နှစ်ပေါင်းတော်တော်ကြာနေပါပြီ။ သူက ဂီတအလုပ်တွေထက် စီးပွားရေးအလုပ်တွေကိုပဲ ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေလည်း လုပ်နေသူပါ။ ဖခင်ဖြစ်သူ အဆိုတော် ဂျေမောင်မောင်ကတော့ သီချင်းတွေဆက်လက် သီဆိုနေတုန်းပါပဲ။ 

သီရိဂျေမောင်မောင်ကတော့ နာမည်ကျော်အဆိုတော် ဂျေမောင်မောင်ရဲ့ သမီး၊ အဆိုတော် ဂျေညီညီ၊ ဂျေညီမလေးတို့ရဲ့ တူမ တော်စပ်သူပါ။ သူမကိုတော့ ၁၉၉၄ ခုနှစ်က ထွက်ရှိတဲ့ သီချင်းဖြစ်တဲ့ "ဘလက်ကော်ဖီ" သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမ အောင်မြင်ခဲ့တဲ့ သီချင်းကတော့ ဘလက်ကော်ဖီ ၊ တစ်စုံတစ်ရာ ၊ ပေးဆပ်ခြင်းများစွာနှင့် ၊ အလွမ်းကဖီး၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည်ကာ စတဲ့ သီချင်းတွေကလည်း ဒီနေ့အချိန်ထိ အောင်မြင်မှုတွေရရှိနေတုန်းပါပဲ။ သီရိဂျေမောင်မောင်ဟာ အခုချိန်ထိလည်း ဂီတအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတုန်းဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က