ဒီရက်ပိုင်း အရမ်း Ro နေတဲ့အကြောင်းတွေ ပြောပြလာပါတယ်။
Sabal Thwin

နေထူးနိုင်ကတော့ ဇနီးချောလေးကို မင်္ဂလာသက်တမ်း ၁၀ နှစ်ပြည့်မှာ အံ့သြစရာကောင်းတဲ့အရာလေးတစ်ခု လုပ်ဦးမယ်လို့ဆိုပါတယ်။ အိမ်ထောင်စပြုတုန်းက အမှတ်တရလေးတွေကိုပြောပြခဲ့ပါသေးတယ်။

နေထူးနိုင်နဲ့ မြသင်းခြယ်တို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ ၁၀ နှစ်တာ ခရီးကိုရောက်တော့မယ်လို့ သိရပါတယ်။အခုနောက်ပိုင်းမှာလည်း နေထူးနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဇနီးချောလေးကို စံပြချစ်သူအဖြစ် ရိုမန့်တစ်ဆန်ဆန်လေးတွေ တင်စားပြောဆိုထားပါသေးတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးနေထူးနိုင်က မီဒီယာ အင်တာဗျူးတွေမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

‘’ အခုဆိုရင် အိမ်ထောင်သက် ၁၀ နှစ်ပြည့်တော့မယ်။ ၁၀နှစ်ပြည့်အထိမ်းအမှတ်လုပ်ဦးမယ်။ တကယ်လည်း သူက ပါရမီဖြည့်ဖက် စံပြချစ်သူပါ။ အဲဒီလိုလေး Ro တာပေါ့။ နောက်ထပ်လည်း ထူးဆန်းတာတစ်ခု ထပ်လာဦးမယ်။ ပရိသတ်ကို မပြောသေးဘူး။ နောက်ထပ် Ro တဲ့အဆင့်တစ်ခု ကျန်နေသေးတယ်။ ဒါက သက်သက် Hit တစ်ခုပေးထားတာ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

အဲဒီနောက် သူတို့ နှစ်ယောက်အတူ စတင်တည်ထောင်ခဲ့တဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ အဆင်မပြေမှုတွေကြားက တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးဖြစ်တယ်လို့လည်း အောက်တိုဘာလ ၆ ရက်နေ့က ပုသိမ်မြို့မှာ ကျင်းပခဲ့တဲ့ Aroma Fashion Show ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

‘’ အစ်ကို အိမ်ထောင်ကျတုန်းကတော့ အသက်က ၃၀ ရှိနေပြီလေ။ အဲဒီအချိန်မှာ Ro နေမယ့်အစား ဘဝကို တကယ်ရှေ့ဆက်လျှောက်ပြီးတော့ လက်တွဲရမှာရယ်၊ အသက်တွေက ကြီးသွားမယ်လေ။ အဓိက က တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်၊ နားလည်မယ် ဆိုရင် ဘဝတစ်ခုက တည်ဆောက်လို့ရပြီ။ ကျန်တာက ၂ ယောက်ပေါင်းပြီးတော့ အလုပ်လုပ်လို့ရမယ်၊ စီးပွားရှာလို့ရမယ်။ စီးပွားရေးအဆင်မပြေလို့ မယူရဘူးဆိုရင် အများကြီးပဲပေါ့နော်။ အစ်ကိုတို့ နှစ်ယောက်စပြီးတော့ အိမ်ထောင်ကျတုန်းကလည်း ပရိသတ်က လက်ခံတဲ့သူ မဟုတ်သေးဘူး။ အဲဒီအထဲကနေမှ ဒီလိုအခြေအနေတစ်ခုရောက်အောင် အစ်ကိုတို့ ကြိုးစားခဲ့ကြရတာ’’ လို့ သူကဆိုပါတယ်။

လက်ရှိ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေး အခြေအနေကိုလည်း နေထူးနိုင်က ပြောပြခဲ့ပြန်ပါသေးတယ်။

‘’အစ်ကိုတို့ရဲ့ အောင်မြင်မှုကို အပျက်စီးလည်း မခံနိုင်ပါဘူး။ တန်ဖိုးထားပါတယ်။ အစ်ကိုတို့ သားလေးတွေရှိတယ်၊ သူတို့တွေအတွက် အစ်ကိုတို့ နှစ်ယောက်က စံပြတွေဖြစ်ရမယ်။ မိဘဆိုတာ သားသမီးတွေအတွက် စံပြတွေ ဖြစ်စေချင်တယ်။ ဘယ်လိုအကြောင်းကြောင့်နဲ့မှ သားသမီးတွေကို စိတ်ထိခိုက်စေမယ့် အလုပ်မျိုး အစ်ကိုတို့ မလုပ်ဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

နေထူးနိုင်နဲ့ မြသင်းခြယ်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးကိုတော့ ဗီဒီယိုဇာတ်ကား အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူတို့ရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကျော်ကို ကြာမြင့်နေပြီဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ရွှေလက်တွဲကြပြီးတော့ အခုဆိုရင် သားလေး နှစ်ယောက် ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ပရိသတ်တွေက အက်ရှင်မင်းသားတစ်ယောက်အဖြစ် စတင်သိရှိလာခဲ့ကြတာပါ။ လက်ရှိမှာလည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယို အဖွဲ့မှာလည်း အတွင်းရေးမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က