မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်မင်းသားလေးပါ။

မိန်းကလေး ပရိသတ်အများစုက ကောင်းမြတ်စံကို ကိုရီယားလို အိုပါးလို့ခေါ်တာလည်း ရှိသလို ရှောင်ကောကောလို့လဲ ခေါ်ကြတယ်လို့ ဆိုပါတယ်။

 

Photo : ကောင်းမြတ်စံ

ကိုရီးယားဇာတ်ကား Crash Landing On You ရုပ်သံဇာတ်လမ်းတွဲထဲက ဗိုလ်ကြီးနဲ့ တူတယ်လို့အပြောခံနေရတဲ့ သရုပ်ဆောင်ကောင်းမြတ်စံက မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ ကောင်းမြတ်စံကို မိန်းကလေး ပရိသတ်အများစုက ချစ်စနိုးနဲ့ အိုပါးလို့ ခေါ်တာတွေ ရှိသလို အိုပါးဆိုပြီး ခေါ်တာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော့်ကို အားလုံးက အိုပါးလို့ခေါ်လိုက် ရှောင်ကောကောလို့ခေါ်လိုက်နဲ့ သူတို့လေးတွေ ခေါ်ချင်သလိုကို ခေါ်နေတော့တာပဲ။ ကျွန်တော်ခေါ်စေချင်တဲ့ပုံစံလေးတော့ ရှိတယ်၊အဲ့ဒါက အိုပါးလည်းမဟုတ်ဘူးရှောင်ကောကော လည်း မဟုတ်ဘူး ရင်ထဲကနေ ချစ်စနိုးနဲ့ ကိုကိုလို့ခေါ်ရင်ရပြီ” ဆိုပြီး သူက ပြောပြခဲ့ပါတယ်။

Photo : ကောင်းမြတ်စံ

ဇာတ်လမ်းတွဲသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေလက်ခံထားတဲ့ ကောင်းမြတ်စံက နောက်ပိုင်းမှာလည်း သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကျေနပ်မှုရတဲ့အထိ ကြိုးစားပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။အိုဗာ အိုက်တင်တွေလျော့ပြီး သဘာဝကျကျ ဇာတ်ရုပ်ဖြစ်အောင်ကြိုးစားမယ်လို့ သူက ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်လောကမှာ အိုဗာတင်းကြီးတွေ အရမ်းမလုပ်စေချင်တော့ဘူး။ ကျွန်တော်ကိုယ်တိုင် အိုဗာတင်းတွေမလုပ်ခဲ့ ဘူးလို့မပြောပါဘူး။ ဒါပေမယ့်‌နောက်ပိုင်းမှာ ကျွန်တော်လည်း သဘာဝကျကျဖြစ်အောင် ကြိုးစားသွားပ့ါမယ်” ဇန်နဝါရီလ ၂၅ ရက်နေ့က Tiger Sugar ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

Photo : ကောင်းမြတ်စံ

ကောင်းမြတ်စံကိုတော့ တီဗီကြော်ငြာ. မဂ္ဂဇင်းကာဗာ.တွေကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ရင်းက ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော တစ်ယောက်ဖြစ်လို့နေပါပြီ။လက်ရှိမှာလည်း ကောင်းမြတ်စံ တစ်ယောက် ဇာတ်ကားတွေ ရိုက်ကူးလက်ခံထားတာကို တွေ့ရပါတယ်။

 

 


 

 

Share

Loading Next Article...
က္က