ကလေးမြန်မြန်ယူဖို့ တိုက်တွန်းထားတယ်။

မင်္ဂလာပွဲကျင်းပတော့မှာဖြစ်တဲ့ သရုပ်ဆောင် ချစ်စနိုးဦးအတွက် ဆုပန်ထွာတစ်ယောက် အပျော်ကြီးပျော်နေရပါတယ်တဲ့။ အမြန်ဆုံးကလေးမွေးနိုင်ဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Su Pan Htwar

ဆုပန်ထွာက အနုပညာညီမတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ချစ်စနိုးဦးအတွက် အပျော်ရွှင်ခဲ့ရဆုံး အချိန်ကို ရင်ဖွင့်ပြောပြလာပါတယ်။ ချစ်စနိုးဦးရဲ့ မင်္ဂလာသတင်းအပေါ်မှာလည်း သူမရဲ့ စိတ်သဘောထားကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’သူလည်း မောင်ဖိုးသားနဲ့ လက်ထပ်တော့မယ်ဆိုတာကြားတော့ အစ်မ အရမ်းပျော်တာ။ ကိုယ်နဲ့ ဘာမှတော့ မတော်ဘူး၊ ဘာမှတော့ မဆိုင်ဘူးဆိုပေမယ့် မေတ္တာတရားလေးကြောင့် နှစ်ယောက်စလုံးကို အစ်မက ကျေးဇူးတင်တယ်။ အဓိက ကတော့ ယောကျ်ားလေးက အဓိကပါ။ သူယူချင်မှဖြစ်မှာလေ မိန်းကလေးက ယူရအောင် ပြောလို့မှ မရတာ။ အခုကျတော့ မောင်လေးက လက်ထပ်ခွင့်တောင်းခဲ့တာဆိုတော့ အပျော်ဆုံးအချိန်ပဲ’’ လို့သူကဆိုပါတယ်။

ဲဒီနောက် မင်္ဂလာဆောင်ဖို့ စီစဉ်နေကြတဲ့ ချစ်စနိုးဦးတို့ စုံတွဲကိုလည်း အမြန်ဆုံးကလေးယူဖို့ တိုက်တွန်းထားတယ်လို့လည်း စနောက်ရင်း ပြောပြလာပါသေးတယ်။

’ ကလေးတန်းမွေးလို့ပြောထားတယ်။ ကလေးတန်းမွေးခိုင်းတာကလည်း မပန်ကလေ ယူဖို့အစီအစဉ်မရှိပေမယ့် ဖူးစာပါလာတော့ အိမ်ထောင်ကျတယ်။ မမဆို တစ်နှစ်လောက်နေမှ ကလေးယူဖြစ်တာပါ။ ကလေးတစ်ယောက်ယူဖို့ဆိုတာ မိန်းမတစ်ယောက်အတွက် ခွန်အားတွေလိုတယ်။ ကျန်းမာဖို့လည်း လိုတယ်။’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။

Photo: Su Pan Htwar

ဆုပန်ထွာနဲ့ ချစ်စနိုးဦးတို့ဟာ အနုပညာလောကထဲမှာ အလုပ်အတူတူ လက်တွဲလုပ်ဆောင်လာကြတဲ့ နှစ်တွေကလည်း မနည်းတော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ကလည်း ညီအစ်မအရင်းတွေလိုပဲ ချစ်ချစ်ခင်ခင်ရှိကြတယ်လို့ ဆုပန်ထွာက ပြောပါတယ်။

‘’ညီမလေး ချစ်စနိုးဦးနဲ့ကတော့ တကယ့် ညီအစ်မတွေလို နေခဲ့တာဆိုတော့ အစ်မအတွက်ကို သူစိတ်ပူပေးတာတွေ အများကြီးရှိတယ်။ သူ့အတွက်ဆိုလည်း အစ်မ စိတ်ပူပေးတာတွေ အများကြီးရှိပါတယ်။ ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိတတ်နားလည်တဲ့ စိတ်ကလေးနဲ့ပေါ့’’ ဆိုပြီးတော့ 2.9 ရတနာဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။


Photo: Su Pan Htwar

ဆုပန်ထွာက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာဖြစ်သလို၊ ဂီတဘက်မှာလည်း သီချင်းတွေ သီဆိုနေရသူပါ။ သူဟာ ‘’သေလောက်အောင် ချစ်တယ်’’ ဆိုုတဲ့ တစ်ကိုယ်တော် သီချင်းခွေလည်း ထွက်ရှိပြီးသားဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို မိသားစုကိုလည်း အချိန်ပေးနေတာကို တွေ့ရပါတယ်။



က္က