ပရိသတ်တွေ ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့တဲ့။

ပရိသတ်များ ကြိုက်နှစ်သစ်သက်တဲ့ အနုပညာရှင်များကို စိတ်ကြိုက်ရွေးချယ်ပြီး တစ်ကြိမ်ထက်မက Vote ပေးနိုင်အောင် စီစဉ်ခဲ့ပေမယ့် နားလည်မှုများလွဲကာ ပါဝင်တဲ့ အနုပညာရှင်များက နုတ်ထုတ်သွားတာကြောင့် Voting စနစ်ကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ SMS စနစ်နဲ့ Voting ပေးထားတဲ့ ငွေများကိုလည်း ချက်ချင်းပင် ရုပ်ရှင်လောကမှ အမေများအဖွဲ့ကို ပေးအပ်လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Star Awards ဆုပေးပွဲကြီးမှာ ထည့်သွင်းထားတဲ့ People Choice နဲ့ People’s Choice အတွက် SMS Voting စနစ်များကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပရိသတ်များ ကြိုက်နှစ်သစ်သက်တဲ့ အနုပညာရှင်များကို စိတ်ကြိုက်ရွေးချယ်ပြီး တစ်ကြိမ်ထက်မက Vote ပေးနိုင်အောင် စီစဉ်ခဲ့ပေမယ့် နားလည်မှုများလွဲကာ ပါဝင်တဲ့ အနုပညာရှင်များက နုတ်ထုတ်သွားတာကြောင့် Voting စနစ်ကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။



SMS Voting စနစ်ထားရှိခြင်းဟာ ငွေကြေးအကျိုးအမြတ် ရလိုမှုအတွက် အဓိက မဟုတ်ကြောင်းကိုလည်း Star Awards ဆုရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းနေစိုးက Duwun Media သို့ ဖြေဆိုခဲ့ပါတယ်။

ထို့အပြင် SMS စနစ် Voting ပေးမှုများ ရပ်ဆိုင်းလိုက်ကြောင်းကိုလည်း Star Awards Official Page မှာ ယခုလို ကြေညာချက်ထုတ်ပြန်ထားပါသေးတယ်။

“SMS မှ ရသည့် ငွေများကိုလည်း ရုပ်ရှင်လောကမှ အမေများအဖွဲ့ လှူသွားရန်စီစဉ်ထားခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာအားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းစေတနာအပေါ်တွင် နားလည်မှုလွဲခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ရပါသည်။ ယခုအခါ အနုပညာရှင်အချိ ု့နှင့်ပရိသတ်များ၏ ဆန္ဒအတိုင်းဖြစ်စေရန် ချက်ချင်းတိုင်ပင်ဆွေးနွေး အဖြေရှာသော်လည်း အော်ပရေတာများ၏ ရုံးဖွင့်ချိန်နှင့် ဆုံးဖြတ်ချက်ကို စောင့်နေရသဖြင့် အချိန်နောက်ကျရသည်ကိုလည်း ခွင့်လွတ်နားလည်ပေးပါရန် တောင်းဆိုပါသည်။ စေတနာဖြင့် မှားယွင်းမှုဖြစ်ခဲ့ရသည့်အပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော အနုပညာရှင်များနှင့်ပရိသတ်များကိုလည်း အနူးညွတ်တောင်းပန်အပ်ပါသည်။” ဆိုပြီး မတ်လ(၁၈) ရက်နေ့က Star Awards မှာ ကြေညာထားပါတယ်။

SMS စနစ်နဲ့ Voting ပေးထားတဲ့ ငွေကြေးများကိုလည်း ချက်ချင်းပင် ရုပ်ရှင်လောကမှ အမေများအဖွဲ့ကို ပေးအပ်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း Star Awards ဆုပေးပွဲကြီးမှာ စီစဉ်ထားတဲ့အတိုင်း ပရိသတ်တွေ ရွေးချယ်မှုနဲ့ ပေးအပ်မယ့် Popular Award နဲ့ People’s Choice Award တို့အတွက် ဆုရွေးချယ်ခြင်းကိုတော့ ရပ်ဆိုင်းသွားမှာ မဟုတ်ပါဘူး။

ပရိသတ်တွေအနေနဲ့ star Awards Page တွင် People Choice Award အတွက် ကြေညာထားတဲ့ အနုပညာရှင်များရဲ့ မူရင်းပို့စ်ကို Like(သို့) အခြားသော Reaction များနဲ့ ပွင့်လင်းမြင်သာစွာ အားပေးနိုင်တယ်လို့ ဆက်လက်ရေးသားထားပါတယ်။

Star Awards ရုပ်ရှင်ဆုတွင် ဆုအရေအတွက် စုစုပေါင်း ၂၃ ဆုပေးအပ်မည်ဖြစ်ပြီး Popular Award နှင့် People’s Choice Award ဆု ၂ ဆုအတွက်သာ ပရိသတ်အကြိုက်ရွေးချယ် ပေးနိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။Star Awards ဆုပေးပွဲကြီးကို ဧပြီ(၅) ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏဘူမိEvent Park တွင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က