အိမ်ကလည်း အားပေးတယ်တဲ့။
Ei Ei Myat

အိမ်မှာနေရင်းနဲ့ သားသားလေးအတွက်ရော မိသားစုအတွက်ပါ မုန့်လေးတွေ လုပ်ကျွေးဖြစ်တယ်လို့ ဆိုပါတယ်။

 

Photo : နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းကတော့ အနုပညာအလုပ်တွေထက်  မိသားစုကိုပိုပြီးအချိန်ပေးဖြစ်နေသူပါ။ အခုလို အချိန် ကာလအတွင်းမှာ မိသားစုအတွက် အွန်လိုင်းကနေ မုန့်လုပ်သင်တန်းလေး တက်ပြီး မုန့်လေးတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကျွေးဖြစ်တယ်လို့ဆိုပါတယ်။

“နန်းမြတ်က ဟင်းချက်ရတာ ဝါသနာမပါဘူး။အချိုပွဲကြိုက်တယ်ဆိုတော့ ကိုယ်ကြိုက်တာလေးတွေ လုပ်ဖြစ်တယ်။အိမ်ကလည်း နန်းမြတ်ဘာလုပ်ကျွေးကျွေးကောင်းလိုက်တာ ဆိုပြီး ပြောတော့ လုပ်ကျွေးရတာ အားတတ်တာပေ့ါ။ Stay home ကာလမှာ သားသားလေးလည်း ရှိတော့မပျင်းရဘူး။သူအတွက်လုပ်ကျွေးချင်တာ လေးတွေ လုပ်ကျွေးဖြစ်တယ်။ဖေဖေမေမေလည်းအိမ်မှာရှိနေတော့ မုန့်တွေလုပ်ကျွေးဖြစ်တယ်။ မိသားစုကိုပိုပြီး အချိန်ပေးဖြစ်တာပေ့ါ” လို့ သူမက Duwun ကိုပြောပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း

နန်းမြတ်ကတော့ (ဇွန်လ၂ရက်)မွေးနေ့တုန်းကလည်း အနုပညာလောကထဲက အနုပညာရှင်(၁၀)ဦးအတွက် ငွေကြေး ထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့ပါသေးတယ်။ သူမဟာ Stay Home ကာလမှာ အလှူအတန်းတွေ လုပ်ဖြစ်နေသလို ကလေးပစ္စည်းတွေ လိုအပ်နေတဲ့ မိခင်တွေအတွက် မေလ(၁၅) ရက်နေ့တုန်းက သားလေး Jack Jack ရဲ့ ကလေးအသုံးအဆောင် ပစ္စည်းအသစ်လေးတွေကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ Live လွှင့်ရင်း ကံစမ်းမဲ ဖောက်ပေးခဲ့တာ တွေ့ရပါတယ်။

 

Photo : နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ သားလေး jack jack ကို မွေးဖွားပြီးတဲ့နောက် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ သားလေးဟာ အသက် (၁) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သားလေးရဲ့ နာမည်အရင်းကိုတော့ ခွန်ဘုန်းသုဒ္ဓ လို့ နာမည်ပေးထားပါတယ်။ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် " ဖေ့စ်ဘွတ်ဘုရင်မ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာတွေလည်း များစွာရိုက်ကူးခဲ့ရသူဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ ဂီတကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့ အတူ "Friend" ဆိုတဲ့ အခွေ တစ်ခွေ ထွက်ရှိထားတာလည်း တွေ့ရပါတယ်။ 


က္က