မိဘတွေကို ပိုပြီး အချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

နန်းခင်ဇေယျာဟာ အခုလို အိမ်ထဲမှာပဲ နေရတဲ့ အချိန်မှာ အကျိုးရှိအောင် လေ့ကျင့်ခန်းတွေ လုပ်၊ အစားအသောက်တွေ ကောင်းကောင်းစားဖြစ်တယ်လို့ဆိုပါတယ်။ 

Photo: Nan Khin Zayar



နန်းခင်ဇေယျာကတော့ Stay Home ကာလမှာ မိသားစုတွေနဲ့ အတူ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေလည်း လုပ်ဖြစ်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

" အိမ်မှာနေရင် ဘာလုပ်ရမလဲဆိုတော့ ဇာတ်လမ်းတွဲတွေ ကြည့်ပါမယ်။ ပြီးရင် ဟင်းတွေချက်မယ်၊ အိမ်သန့်ရှင်းရေးတွေ လုပ်မယ်၊ အိမ်က မိသားစုတွေနဲ့ တစ်နေ့တာ အချိန်ဖြုန်းပါမယ်။ နန်းခင်ကတော့ အခုလို ဖြစ်နေတဲ့အချိန်မှာ ဖေဖေ မေမေ တို့နဲ့ အတူရှိတယ်၊ ပရိသတ်တွေနဲ့ အတူ လေ့ကျင့်ခန်းတွေလုပ်တယ်။ COVID-19 ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ အစားလည်း ကောင်းကောင်းစားကြပါ။ အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေးဝဝ အိပ်ဖို့လိုပါတယ်" လို့ သူကဆိုပါတယ်။ 

Photo: Nan Khin Zayar

COVID-19 နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကိုလည်း နားမထောင်ကြဖို့ နန်းခင်ဇေယျာက ပြောပြလာပါတယ်။ 

" အခုလို COVID ဖြစ်နေတဲ့ အချိန်မှာ စိတ်ဓာတ်မကျပဲနဲ့ မှားတဲ့ သတင်းတွေကိုလည်း နားမထောင်ကြပါနဲ့။ တကယ့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းအမှန်ကိုပဲ အစဉ်တစိုက် နားထောင်ကြပါလို့ နန်းခင် ပြောချင်ပါတယ်။ COVID ပြီးသွားရင် အလှမ်းဝေးနေကြတဲ့ ပရိသတ်တွေကို အရင်တွေ့ချင်ပါတယ်။ ပရိသတ်တွေ အားလုံးလည်း အခုချိန်မှာ အိမ်မှာပဲနေကြပါ" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nan Khin Zayar

နန်းခင်ဇေယျာက လက်ရှိမှာ ပရဟိတအလုပ်တွေကို ဦးဆောင်ပြီး လုပ်ကိုင်နေသလို ဇာတ်ကားရိုက်ကူးလို့နေပါတယ်။မင်းသမီးချောလေး နန်းခင်ဇေယျာဟာ အလှမယ် ပြိုင်ပွဲတွေကနေ တဆင့် လူသိများလာပြီး အနုပညာလောကထဲကို ဝင်ရောက်လာသူ တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိသူ တစ်ဦးဖြစ်ပါတယ်။ နန်းခင်က သရုပ်ဆောင်လည်း ဝါသနာပါသလို တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေက “Non Stop” ဖြစ်ပြီး ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းခွေတစ်ခွေဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က