ကိုယ်တိုင်ကလည်း အပြင်မှာ ချစ်တတ်သူ တစ်ယောက်ပါ။

ကျော်ထက်ဇော်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အရမ်းချစ်တတ်တဲ့ လူငယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Kyaw Htet Zaw



ကျော်ထက်ဇော်ကတော့ " အချစ်ဖွဲ့ လေညှင်း" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားချောလေး ဖြစ်ပါတယ်။ သူ့ အနေနဲ့ အရမ်းချစ်တတ်တဲ့ လူငယ်တစ်ယောက်အဖြစ် ရုပ်သံဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ရတဲ့ အကြောင်းကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ကျွန်တော် လက်ရှိရိုက်နေတဲ့ ကာရိုက်တာက အရမ်းချစ်တတ်တဲ့ ကာရိုက်တာ ဖြစ်နေတယ်။ အပြင်မှာဆိုရင်လည်း ကျွန်တော်က ချစ်တတ်တယ်။ ဘယ်လို အရာကိုမဆို ချစ်တဲ့ စိတ်နဲ့ ကြည့်လိုက်တဲ့ အချိန်မှာ စိတ်လည်းချမ်းသာတယ်၊ ကိုယ်လည်း ကျန်းမာတယ်။ ကျွန်တော် ချစ်တတ်သ၍ကတော့ စိတ်ချမ်းသာနေမှာပဲလို့တော့ ကိုယ့်အတွေးနဲ့ ကိုယ်ခံစားဖူးပါတယ်။အချစ်ခံဖူးရင်တော့ သိမှာပါ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Kyaw Htet Zaw

ကျော်ထက်ဇော် အနေနဲ့ Covid ကာလဖြစ်ပေမယ့်လည်း အနုပညာအလုပ်တွေ လုပ်နေရတဲ့ အချိန်မှာ ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ အခုဆိုရင် ကျန်းမာရေး ကာလက အရမ်းအရေးကြီးနေတဲ့ အတွက် သေချာအလုပ်ကို လက်ခံရတာပေါ့နော်။ ကိုယ့်တစ်ယောက်အတွက်နဲ့ ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေချင်ဘူး။ ဒါကြောင့် ကျန်းမာရေးကိုလည်း အရမ်းဂရုစိုက်ရတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့ “ လမင်းကြီး သာစမ်းပါ” ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း ရိုက်ဖို့ ပြောထားတာ ရှိပါသေးတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Kyaw Htet Zaw

ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေထုတ်လွှင့်ပြသတဲ့ ‘’အမုန်းမှသည်’’ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတာဖြစ်ပြီး အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ တက်သစ်စ သရုပ်ဆောင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က