ကိုဖြိုးလေးက သင်ပေးပါတယ်။
ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ဟာ ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေကြတဲ့ ချစ်သူနှစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဝါဆိုက ချစ်သူဖြစ်တဲ့ ဖြိုးလေးအရှေ့မှာ သီချင်းရမှာ ရှက်တယ်လို့ ဆိုပါတယ်။


Photo : Warso Moe Oo

ါဆိုမိုးဦးက လက်ရှိမှာ သရုပ်ဆောင်အလုပ်ထက် ဂီတအပိုင်းမှာ ပိုပြီးတော့ အနုပညာလှုပ်ရှားမှုတွေ မြင်တွေ့နေရတာဖြစ်ပါတယ်။ သူမကို ဂီတနဲ့ ပတ်သက်ပြီး ချစ်သူဖြစ်တဲ့ ဖြိုးလေး(Snare) ကလည်း သင်ပေးတာတွေရှိပေမယ့် ရှက်တယ်လို့ မီဒီယာတွေကနေတဆင့် ဝန်ခံပြောပြထားပါတယ်။

’ကိုဖြိုးလေး သင်ပေးရင် ရှက်တယ်။ ကိုယ့်ချစ်သူအရှေ့မှာ ဆိုရတဲ့အချိန်ဆို ပိုဆိုးတယ်။ အသက်တောင်မရှုနိုင်ဘူး။ ကိုယ်ကလည်း အစကတည်းက Recoding အခန်းထဲရောက်ရင် စိတ်တွေလှုပ်ရှားပြီးတော့ အသက်ရှုဖို့တောင်မေ့တယ်။ အသံသွင်းတဲ့အချိန်ကျရင် အရမ်းအခက်အခဲဖြစ်တာ။ ကိုယ့်ချစ်သူက ကိုယ့်ကို ထိုင်ကြည့်နေတာဆိုတော့ ရှက်တယ်။ သူ့အရှေ့မှာ မဆိုရဲဘူး’’လို့ သူကဆိုပါတယ်။

Photo : Warso Moe Oo

ဖျော်ဖြေရေးတွေ အတူတူသွားရတဲ့အချိန်မှာလည်း ဓာတ်ပုံ မရိုက်ရဲ၊ သီချင်းမဆိုရဲလောက်အောင်ကို ရှက်စိတ်ဖြစ်မိတယ်လို့ သဘောကျရယ်မောရင်း ဝါဆိုမိုးဦးက ‘’ဘာတွေဖြစ်’’ အခွေ Promotion ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’မသိဘူး အမြဲတမ်းပဲ။ ကိုယ်ဖျော်ဖြေရေးသွားရင်လည်း သူရှိနေရင် မဆိုရဲဘူး။ ကျန်တဲ့ဟာတွေဆိုလည်း ဒီလိုပဲ ချစ်သူရှိနေတယ် တစ်ခုခုလုပ်ရမယ်၊ ဓာတ်ပုံရိုက်မယ်ဆိုရင် မလုပ်ရဲဘူး ရှက်နေတာပေါ့နော်။ အဲဒါ အမြဲတမ်းပဲ ဝါဆို့ရဲ့ အကျင့်တစ်ခုပဲ။ သူစိုက်ကြည့်တာထက် သူကိုယ့်ကို ဘာပြောမလဲ၊ ဘာတွေကဲရဲ့တော့ မလည်းဆိုတာကို တွေးပြီးတော့ ရှက်တာပေါ့နော်’’ လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo : Warso Moe Oo

ဖြိုးလေးရဲ့ အသစ်ထွက်ရှိလာတဲ့ ‘’ဘာတွေဖြစ်’’ တစ်ကိုယ်တော်အခွေမှာလည်း ဝါဆိုမိုးဦးက စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ ဆိုပါတယ်။ ဝါဆိုမိုးဦးရဲ့ ဂီတအလုပ်တွေမှာလည်း ဖြိုးလေးက ပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။ ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။

Photo : Warso Moe Oo

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။



က္က