loading...

loading...

loading...

မကြာခင်မှာ အသက် ၂၅ နှစ်ပြည့်တော့မယ်။
Sabal Thwin

ဘီလီလမင်းအေး တစ်ယောက် အသက် ၂၅ နှစ်အရွယ်အထိ ရည်းစား ထားဖို့အခွင့်အရေးမရ သေးဘူးလို့ပြောပါတယ်။ သူ့ရဲ့အချစ်ရေးက မိဘတွေနဲ့ ဆိုင်တယ်လို့ ဆိုပါတယ်။  

Photo: Htet Zaw Aung

ဘီလီလမင်းအေးကတော့ ရည်းစားထားဖို့ မိဘတွေဆီက ခွင့်ပြုချက်မရသေးတဲ့အကြောင်းပြောလာပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်ကျော်လာတဲ့အထိ ရည်းစားထားဖို့ ဖခင်က ခွင့်မပြုသေးဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဖူး အသက် ၁၈ နှစ်ပြည့်တုန်းက အဖေ့ကို မေးဖူးတာရှိတယ်။ ရည်းစားထားလို့ရပြီလားဆိုပြီးတော့ ၁၈ နှစ်ပြည့်မွေးနေ့မှာ မေးတယ်။ အဖေက ပြောတယ် အသက် ၂၀ ပြည့်ရင် ထားလို့ရမယ်တဲ့။ အသက် ၂၀ ပြည့်မွေးနေ့ရောက်တော့လည်း ဖူးထပ်မေးသေးတယ်။ မွေးနေ့လက်ဆောင်ဘာပေးမှာလဲ သမီးရော ရည်းစားထားလို့ရပြီလားဆိုတော့ ၂၃ နှစ်ပြည့်မှ ထားတဲ့။ ၂၃ နှစ်ပြည့်လို့ထပ်မေးတော့လည်း ၂၅ ကို ထပ်ရွှေ့သွားတယ်။ အခု ၂၅ ပြည့်တော့မယ်ဆိုတော့ အဖေနဲ့ အမေ့ အပေါ် သက်ဆိုင်သွားပြီပေါ့နော်။ ကိုယ်က သမီးကြီးလည်းဖြစ်တယ်၊ မိသားစုကိုလည်းချစ်တော့ အဲဒီအပိုင်းကို သိပ်ပြီးတော့ မစဉ်းစားဖြစ်သေးဘူး” လို့ ဆိုပါတယ်။ 

Photo: Billy la Min Aye

သူမကတော့ ၂၀၂၀ ခုနှစ် မတ်လအတွင်းမှာ အသက် ၂၅ နှစ်ပြည့်တော့မှာပါ။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဘုရားပေးတဲ့ကံတဲ့အတိုင်းပဲ ရှေ့ဆက်လျှောက်မယ်လို့ ဘီလီလမင်းအေးက ပြောပါတယ်။ 

“မကြာခင်မှာ ဖူး အသက် ၂၅ နှစ်ပြည့်တော့မှာလေ။ ၂၅ နှစ်ဆိုတာကလည်း ငယ်တော့တဲ့အရွယ်မှ မဟုတ်တော့ဘူး။ ကိုယ့်နံရိုးရှင်ကတော့ မကြာခင်ရောက်လာမှာလား၊ ဘယ်ရောက်နေသလဲတော့ မပြောတတ်ဘူး။ နှဖူးစာရွာလည်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဖူးဆီ မရောက်လာသေးဘူး၊ ဘုရားကလည်း ဘယ်လိုပြင်ဆင်ပေးထားသလဲမှ မသိပဲလေနော်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၅ ရက်နေ့က Beauty Spa ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Billy La Min Aye

ဘီလီလမင်းအေးဟာ Myanmar Idol (Season-2) ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေ ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’အရှုံးမပေးတဲ့ ဝိညာဉ်’’ ဆိုတဲ့ သီချင်းအခွေကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့ပါတယ်။ နောက်ထပ်လည်း Single Song တွေ ထွက်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က