အရမ်းဇီဇာကြောင်တတ်လာပြီ။

သင်ဇာဝင့်ကျော်ကတော့ ချစ်သူအသစ်ထားဖို့ထက် ရင်ခုန်တဲ့သူကို အရင်ရှာရဦးမယ်လို့ ဆိုပါတယ်။ 

Photo: Amazing Grace



သင်ဇာဝင့်ကျော်တစ်ယောက် ဘယ်အချိန်မှာ ချစ်သူထားမလဲ ဆိုပြီးတော့ ပရိသတ်တွေက စိတ်ဝင်စားလို့ နေပါတယ်။ သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း ရင်ခုန်ရလောက်တဲ့အထိ ဆွဲဆောင်မှုရှိသူကိုသာ စဉ်းစားတော့မယ်လို့ ဆိုပါတယ်။ 

“ ချစ်သူရွေးမယ်ဆိုရင်တောင် ကိုယ်ရင်ခုန်တဲ့သူကို အရင်ရှာရမယ်။ သူ့ကို ရင်ခုန်ပြီဆိုမှ သူ့ကိုအရင်လေ့လာပြီးတော့ အော် အင်းပေါ့။ သဘောကျလား မကျလားဆိုတာ အရင်ကြည့်ရမှာပေါ့။ အဓိက ကတော့ ရင်ခုန်ဖို့ လိုတယ်။ ကိုယ်ရင်မခုန်တဲ့သူကလည်း များလာတယ်။ ဂျီးအရမ်းများလာတယ်။ အပျိုကြီးဖြစ်ချင်လို့လားမသိဘူး။ ဇီဇာအရမ်းကြောင်တယ်နဲ့တူပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Thin Zar Wint Kyaw

သင်ဇာဝင့်ကျော်က လက်ရှိမှာ အချစ်ရေးထက် မိသားစုအရေးကို ပိုပြီးတော့ ဦးစားပေးလာတာ တွေ့ရပါတယ်။ အနုပညာအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေရသူတစ်ယောက်ပါ။ သင်ဇာဝင့်ကျော်ဟာ မိဘနှစ်ပါးကို အရမ်းချစ်တဲ့ သမီးလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ မိဘနှစ်ပါးရဲ့ ဓာတ်ပုံကိုလည်း သူမရဲ့ လက်မောင်းအောက်မှာ တက်တူးထိုးခဲ့တာကို တွေ့ရပါတယ်။ 

Photo: THin Zar wint Kyaw

မိဘနှစ်ပါးအပေါ်ထားတဲ့ သဘောထားကိုလည်း သင်ဇာဝင့်ကျော်က ဖွင့်ဟပြောပြလာပါတယ်။ သူမ အလုပ်လုပ်တဲ့အရာတိုင်းကလည်း မိဘနှစ်ပါးအတွက်ပဲလို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က House Of Beauty ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ မိဘနှစ်ပါးက ခြေလက်အစုံနဲ့ မွေးပေးလိုက်လို့ အခုလို အသက်ရှင်လာတယ်။ အဖေနဲ့အမေ အသက်ရှိနေသ၍ ကျေးဇူးဆပ်သင့်တယ်။ ဘယ်အရာမဆို ကိုယ့်မိဘအတွက်လုပ်တယ်ဆိုတဲ့ စိတ်လေးတစ်ခုတည်း၊ လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်လေးနဲ့ အလုပ်လုပ် မအောင်မြင်တာ မရှိဘူး။ အကုန်လုံးက မိဘထက်အရေးမကြီးပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ချစ်သူမရှိသေးပါဘူး။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ မကြာခင်မှာတော့ သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့မြမြ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ



က္က