အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

မိစန္ဒီကတော့ သူမကို ပျော်အောင်ထားနိုင်တဲ့လူနဲ့ တွေ့မှသာ အချစ်ရေးကို စဉ်းစားတော့မယ်လို့ ဆိုပါတယ်။ 

Photo: Mi Sandi



မိစန္ဒီဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာအချစ်ရေးအကြောင်းတွေကို အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်းပြောပြတတ်သူဖြစ်ပါတယ်။ သူမကို ပျော်ရွှင်အောင် ထားပေးနိုင်တဲ့ သူကိုပဲ ရွေးချယ်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ့်ကို ပျော်အောင်ထားနိုင်တဲ့ သူကိုပဲ ရွေးမယ်။ ကိုယ့်ကို ပျော်အောင်ထားနိုင်တဲ့လူကို ချစ်ရမှာ။ နှလုံးသားရေးရာအရ ချစ်နေပေမယ့်လည်း ကိုယ့်ကို စိတ်ဒုက္ခပေးနေတဲ့ လူတစ်ယောက်ကို သွားချစ်တာဟာ အလကားပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်မှ သူများကိုလည်း ချစ်လို့ရမှာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေတယ်။ သူက ပျော်အောင်ထားမှ ကိုယ်ပျော် ရတာ မျိုးလည်း မဟုတ်ဘူး။ သူပျော်အောင် မထားနိုင်ရင်တော့ Bye Bye ပဲ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Mi Sandi

မိစန္ဒီက သူမရဲ့ အချစ်ရေးအခြေအနေတွေကို သီချင်းလေးတွေထဲမှာ ထည့်သွင်းရေးသားတတ်တယ်လို့ သိရပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ “သတ္တိခဲ” သီချင်းခွေမှာလည်း လမ်းခွဲခဲ့ပြီးတဲ့ အချစ်ရေးအကြောင်းတွေကို သီချင်းလေးအဖြစ် ပုံဖော်ထားတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ “ဈေးဗန်း” သီချင်းနဲ့ အောင်မြင်နေတဲ့ သူမ ကတော့ အချစ်ရေးမှာ ရောင်း မထွက်သေးဘူးလို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

Photo: Mi Sandi

အချစ်ရေးနဲ့ ပတ်သက်လာရင် ရင့်ကျက်လာပြီလို့ မိစန္ဒီက ပြောပါတယ်။ သူမကိုယ်တိုင်ကလည်း ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးရတာ ပျော်နေပြီလို့ မတ်လ ၁၃ ရက်နေ့က Pixy အလှကုန်မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

“ အချစ်ရေးက ဘယ်အရာမှ မမြဲဘူးဆိုတာ သိထားတဲ့အတွက် လင်မယားဖြစ်တာတောင်မှ အဆင်မပြေရင် အိမ်ထောင်ရေးဆိုတာ ကွဲနိုင်တာပဲ။ ကိုယ်တိုင်ကလည်း အသည်းကွဲခဲ့ဖူူူးတဲ့အတွက် ရူးရူးမိုက်မိုက် ဘယ်တော့မှ မချစ်တော့ဘူး။ ဘယ်အရာကိုမှလည်း မမျှော်လင့်ထားဘူး။ အချစ်နဲ့ပတ်သက်လာရင် ချစ်တော့ချစ်တယ်။ ဒါပေမယ့် ငယ်ငယ်တုန်းကလိုတော့ မချစ်တော့ဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Mi Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည် း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်ေ နတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က