ဒီဇင်ဘာလ (၉)ရက်နေ့မှာ တင်တောင်းခဲ့တာပါ။

နိုင်းဝမ်းကတော့ သူချစ်ရတဲ့ မိန်းကလေးကို ကိုယ်ပိုင်ငွေကြေးနဲ့ တင်တောင်းနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo Nine One



အဆိုတော်နိုင်းဝမ်းကတော့ စက်တင်ဘာလ (၉)ရက်နေ့က ချစ်သူလေး မမေမျိုးသူကျော်ကို မိသားဖသားပီပီ သွားရောက်တောင်းရမ်းခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလ (၉) ရက်နေ့ဟာ သူတို့ ချစ်သူ နှစ်ဦးရဲ့ ချစ်သူသက်တမ်းနှစ်ပတ်လည်နေ့လေး တစ်နေ့လည်း ဖြစ်တယ်လို့ သိရပါတယ်။ 

" ဒီနေ့က ကျွန်တော့ဘဝအတွက် အပျော်ဆုံးနေ့တွေထဲက နေ့တစ်နေ့ဖြစ်ပါတယ်။ လက်ထပ်ဖို့အထိရည်ရွယ်ပြီး အရမ်းချစ်ခဲ့ရတဲ့မိန်းကလေးကို ပိုင်ဆိုင်နိုင်ဖို့ မိဘရဲ့အထောက်အပံ့မယူပဲ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစုဆောင်းထားတဲ့ငွေလေးတွေနဲ့တင်တောင်းနိုင်ခဲ့လို့ပါ။ကျွန်တော်တို့စုံတွဲရဲ့ နှစ်ပတ်လည်နေ့နဲ့ ချစ်သူရဲ့မွေးနေ့လေးဖြစ်တဲ့ဒီရက်လေးမှာ မှတ်မှတ်ရရဖြစ်သွားအောင် မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း မိသားဖသားပီပီတောင်းရမ်းခဲ့ပြီးပြီဖြစ်လို့ ဒီနှစ်ဝါကျွတ်ရင် လက်ထပ်နိုင်ဖို့ ချစ်သူရဲ့မိဘတွေထံမှ ခွင့်ပြုချက်လည်းရခဲ့ပါပြီဗျ" ဆိုပြီးတော့ စက်တင်ဘာလ (၉) ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo Nine One

နိုင်းဝမ်းနဲ့ မမေမျိုးသူကျော်တို့ ချစ်သူ နှစ်ဦးကတော့ အခုဆိုရင် ချစ်သူသက်တမ်း(၁၁) နှစ်ပြည့်ပြီဖြစ်ပါတယ်။ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာလ မှာ ပြုလုပ်သွားမယ်လို့ သူက ဆိုပါတယ်။ 

"ဒီဇင်ဘာလ ၉ ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲကိုတော့ ကိုဗစ်ကာလပြီးတာနဲ့ကျင်းပကြမှာဖြစ်ပါတယ်။ (ဒီထက်အကြီးကြီးတွေရည်ရွယ်ထားခဲ့ပေမဲ့ ကိုဗစ်ပေးတဲ့ဒုက္ခကြောင့် နဲနဲသေးသွားတဲ့ မွေးနေ့လက်ဆောင်စိန်တစ်ဆင်စာလေးအတွက်တော့ နားလည်ပေးပါသဲသဲလေးရေ)Happy Anniversary & Happy Birthday baby.. i love u so mwahhhh" ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။ အဆိုတော်နိုင်းဝမ်းဟာ ချစ်သူဖြစ်တဲ့ မမေမျိုးသူကျော်နဲ့ ၂၀၀၉ ခုနှစ်၊ ၉လပိုင်း၊ ၇ ရက်နေ့မှာ ချစ်သူ စဖြစ်ခဲ့တာလို့ သိရပါတယ်။ ချစ်သူသက်တမ်း(၆) နှစ်အကြာမှာ လက်ထပ်ခွင့်တောင်းခံခဲ့တာလို့ နိုင်းဝမ်းက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ နှစ်ဖက်မိဘတွေဆီကနေ တဆင့် တောင်းရမ်းစေ့စပ်လိုက်တယ်လို့လည်းသူက ဆိုပါတယ်။ 

Photo Nine One

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးပါ။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က