ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Versace က ထုတ်တဲ့ ဖိနပ်ဖြစ်ပါတယ်။
ဖြိုးလေးတစ်ယောက် ချစ်သူလေး ဝါဆိုမိုးဦးဆီက ရတဲ့ မွေးနေ့အကြို လက်ဆောင်လေးအပေါ် ခံစားချက်တွေ ဖွင့်ဟလိုက်ပါတယ်။ သူ့ရဲ့ မွေးနေ့ကတော့ မတ်လ ၂၁ ရက်နေ့ဖြစ်ပါတယ်။

Photo: Phyo Lay

အဆိုတော်ဖြိုးလေးက ချစ်သူလေး ဝါဆိုမိုးဦးဆီကနေ အရမ်းလိုချင်ခဲ့တဲ့ ဖိနပ်ကို မွေးနေ့လက်ဆောင်ရခဲ့လို့ ဝမ်းသာနေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဒီဖိနပ်ကတော့ ကမ္ဘာကျော်အမှတ်တံဆိပ် ဖြစ်တဲ့ Versace က ထုတ်တဲ့ ဖိနပ်ဖြစ်ပါတယ်။ 

‘’ ကျွန်တော်ပျော်ပါတယ်။ တကယ်တော့ ဒီဖိနပ်က ကျွန်တော့်အခွေ ကာဗာရိုက်ကတည်းက ဝယ်မလို့ ဒါပေမယ့် ဝယ်မယ်လုပ်လိုက်၊ ချိတုံချတုံနဲ့ ဈေးကြီးတယ်၊ ဝယ်မယ်လုပ်လိုက်၊ မဝယ်ဘူးလုပ်လိုက်နဲ့ နောက်ဆုံးကျတော့ ဝယ်ဖြစ်သွားတယ်’’ လို့ သူကဆိုပါတယ်။

Photo: Phyo Lay

ဖြိုးလေးဟာ မတ်လ ၂၁ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက်ကိုတော့ ချစ်သူဆီက လက်ဆောင်ထပ်ပြီး ရမှရပါ့မလားလို့ ပြောပါတယ်။

‘’ ကျွန်တော့်မွေးနေ့က ၂၁ ရက်နေ့ပါ။ သူလက်ဆောင်ပေးပြီးပြီဆိုတော့ Surprise လုပ်မှ လုပ်ပါ့မလားမသိဘူး။ ဒါပေမယ့် လုပ်ရင်လည်း ကျွန်တော်အမြဲမိတယ်’’ ဆိုပြီးတော့ ‘’ဘာတွေဖြစ်’’ တေးစီးရီးမိတ်ဆက်ပွဲ မှာ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Phyo Lay

ဖြိုးလေးရဲ့ အသစ်ထွက်ရှိလာတဲ့ ‘’ဘာတွေဖြစ်’’ တစ်ကိုယ်တော်အခွေမှာလည်း ဝါဆိုမိုးဦးက အတွဲ သီချင်း တစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ ဆိုပါတယ်။ ဝါဆိုမိုးဦးရဲ့ ဂီတအလုပ်တွေမှာလည်း ဖြိုးလေးက ပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။ ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။
Photo: Phyo Lay

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။



က္က