သူ စိတ်အနှောက်အယှက်ဖြစ်မှာ စိုးရိမ်တယ်။
Sabal Thwin

မုဏ်းတစ်ယောက် အင်တာဗျူးတွေမှာ ဘာလို့ အချစ်ရေးအကြောင်းတွေ မဖြေတာလဲ ဆိုတာ ပြောပြလာပါတယ်။

သရုပ်ဆောင် မုဏ်းကတော့ သူမ ချစ်သူရဲ့ မွေးနေ့မှာ မွန်မြတ်တဲ့ အလှူလေး လုပ်ပေးခဲ့ပြီးနောက် ပရိသတ်တွေက သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ နေကြပါတယ်။ ချစ်သူကို ထုတ်ပြပေးပါလို့လည်း ပရိသတ်တွေက မှတ်ချက်ပြုထားတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ ချစ်သူကို အလင်းမပြသေးတဲ့အကြောင်းကိုလည်း Duwun Media အင်တာဗျူးမှာပြောပြခဲ့ပါတယ်။ 

“ ခန္ဓာကိုယ် နဲ့ မျက်ကြည်လွှာ လှူဖြစ်ခဲ့တာကတော့ ကိုယ်ချစ်ရတဲ့သူရဲ့ မွေးနေ့ မို့လို့ လှူဖြစ်သွားတာပေါ့နော်။ သွေးလည်း လှူဖြစ်တယ်။ ကိုယ့်ရဲ့ အနုပညာကြေးထဲက ငွေကြေးတချို့လည်း လှူဖြစ်တယ်။ သူ့အတွက် လှူပေးချင်တဲ့ စိတ်ဖြစ်တာကြောင့်လည်း လှူဖြစ်တာပါ။ အချစ်အကြောင်း မပြောတော့ဘူး ကိုယ်က အဲဒီလိုမျိုးတွေဖြေလို့ သူက စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုတော့လေ မဖြေချင်တော့ဘူး။” လို့ သူက ပြောပါတယ်။ 

Photo: Mone

မုဏ်းကတော့ အခုလက်ရှိမှာ ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားလာနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အခုလိုအနေအထားမျိုးရောက်အောင်လည်း အတိုက်အခိုက်တွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ 

“ သင်္ကြန်ကတော့ မေမေနဲ့ ညီမလေးနဲ့ မျက်လုံးခွဲဖြစ်မယ်ဆိုရင်တော့ သူတို့ကို ပြုစုပေးမှာပါ။ ကိုယ့်မှာလည်း အခက်အခဲတွေရှိတာပေါ့နော်။ ဘုန်း ဆိုပြီးတော့ ရိုက်ချလိုက်ရင် လဲသွားတယ်။ ပြီးရင် ပြန်ထလာမယ်။ ဒီလိုပဲ ကြိုးစားရမှာပဲလေ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရတာကိုး။ ကိုယ်မဖြစ်ဘူးထင်ပြီးတော့ ထွက်သွားချင်ပေမယ့်လည်း ကြိုးစားခွင့်ရနေသေးတယ်ဆိုတဲ့ ခံယူချက်နဲ့ ကုတ်နေရတာပဲလေ” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့က Jelly Bunny ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။  

Photo: Mone

မုဏ်းကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ် စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမက MRTV-4 နဲ့ လက်တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရသူ တစ်ဦးဖြစ်ပါတယ်။ စီနီယာအနုပညာရှင်တွေနဲ့ အတူတွဲသရုပ်ဆောင်ရတဲ့အခါမှာလည်း အနုပညာအရည်အချင်းတွေကို လေ့လာဆည်းပူးဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က