ဘယ်သူများလဲ။
Ei Ei Myat

အိချောပိုကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြာလာတာပါ။ ကောလာဟလတွေကတော့ ဒီလိုပဲ ရှိနေတတ်တယ်လို့ ဆိုပါတယ်။

 

Photo : HK

မင်းသားတစ်ယောက်နဲ့ ကြိုက်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေတဲ့ အိချောပိုရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင် ဖြေရှင်းခဲ့ပါတယ်။ သြဂုတ်လ(၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ချစ်သူက မင်းသားလည်း မဟုတ်သလို မော်ဒယ်ထဲကလည်း မဟုတ်ဘူးဆိုပြီး ရေးသားခဲ့ပါတယ်။ ထို့အပြင် သြဂုတ်လ(၂၃) ရက်နေ့က ပြုလုပ်တဲ့ “Crush” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet မှာလည်း သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။

“ချစ်သူက မင်းသားမဟုတ်တဲ့အကြောင်း ဖြေရှင်းခဲ့တာက မဟုတ်လို့ ပြန်ဖြေရှ င်းလိုက်တာ ပါ။ ကောလာဟလဆိုတာ ဒီလိုပဲ ရှိပါတယ်။ အိချောတို့လည်း ဒီအရွယ်ရောက်နြေ ပီရည်းစားမထားဖူးတာတော့မဟုတ်ဘူးပေ့ါ။ ဒါကလည်း ကိုယ်နဲ့ စိတ်သဘောချင်း မတိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် ကွဲသွားတာတွေလည်း ရှိတယ်။လမ်းခွဲလိုက်တာတွေလည်း ရှိတယ်။ အခုအခြေအနေ လက်ရှိအချစ်ရေးကတော့ ဖြေရှင်းထားတဲ့ အတိုင်းပါပဲ” ဆိုပြီး မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

Photo : Zaw Myo Htet

ဆက်လက်ပြီးတော့လည်း သူမCrush တဲ့ ပုံစံလေးကို ပြောပြခဲ့ပါသေးတယ်။

“အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်လေးတွေကို Crush တယ်။ အခုထိတော့ crush တာမျိုး မရှိသေးပါဘူး။ အိချောကို crush သူကတော့ ရှိမှာပေ့ါ “ဆိုပြီး ရှက်ကိုးရှက်ကန်းလေးနဲ့ ပြောပြခဲ့ပါတယ်။ သဘာဝဆန်တဲ့ ဇာတ်ကားတွေကို အရိုက်များတဲ့ မင်းသမီး အိချောပိုကိုတော့ ပရိသတ်တော်တော် များများက ချစ်ကြပါတယ်။ သူမ ကိုယ်တိုင်ကလည်း ကြီးကျယ်တဲ့ မင်းသမီး မဟုတ်သလို ပဲများတတ်သူ မဟုတ်တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

‘’ပဲ မများတတ်လို့ပေါ့နော်။ စူ့ ပရိသတ် တချို့ဆိုရင် စူ့ကိုပြောတယ်။ မင်းသမီးမဟုတ်တဲ့ မင်းသမီးတဲ့။ ဘာပြောလိုက်လဲ အစကတော့ နားမလည်ဘူးပေါ့နော်။ အမှန်တော့ မင်းသမီးလို ချေတာမျိုးပေါ့နော်။ အမှန်တော့ တချို့ နေရာမျိုးတွေက နေသင့်ပါတယ်။ စူက အဲဒီလို မနေတတ်တော့ တော်တော်များများ ပရိသတ်တွေက စူ့ကို အဲဒီလိုမျိုး ပြောကြတယ်’’ လို့ သူကဆိုပါတယ်။

Photo : Zaw Myo Htet

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးတော့မှာဖြစ်ပြီး မကြာသေးခင်ကလည်း ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးထားတယ်လို့သိရပါတယ်။


က္က