ကျန်းမာရေးလည်း ဂရုစိုက်ရတယ်။

ဘေဘီမောင်ကတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို စနစ်တကျ ထိန်းသိမ်းဖြစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ချစ်သူကလည်း ဝမှာ စိုးရိမ်နေသူပါတဲ့။

Photo: Baby Maung



သရုပ်ဆောင် ဘေဘီမောင်ကတော့ သူ့ရဲ့ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ချစ်သူဖြစ်တဲ့ သားဂန်းက ဂရုတစိုက်ရှိတယ်လို့ဆိုပါတယ်။ အနုပညာအလုပ်တွေ လုပ်နေရတဲ့သူဖြစ်တာကြောင့်လည်း ဝမှာကို စိုးရိမ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ချစ်သူကတော့ ဝမှာ စိုးရိမ်တယ်။ ဒါက အလုပ်ကိစ္စ၊ အလုပ်သဘောအရ မဝစေချင်ဘူး။ မဝ စေချင်တာကလည်း ချစ်ခြင်း၊ မချစ်ခြင်းနဲ့ မဆိုင်ဘူး။ တကယ်လို့ ဝလာရင်လည်း သူ ရှာကျွေးမယ်တဲ့။ ဒါပေမယ့် အလုပ်လုပ်နေတဲ့ အတွက်ကြောင့်မို့လို့ ဘေဘီ့ကို သူ လှစေချင်တယ်၊ ဝခြင်း မဝခြင်းကိုတော့ သူ ထိန်းပေးပါတယ်’’လို့ ဆိုပါတယ်။

Photo: Baby Maung

ဘေဘီမောင်ကတော့ သူ့ရဲ့ ခန္ဓာကိုယ် ဝမလာအောင်လို့လည်း ထိန်းသိမ်းဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက ကတော့ ခါးတွေ၊ ဗိုက်တွေကို ပိုဂရုစိုက်တယ် ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။

‘’ ကိတ်တယ်ဆိုတာက ကြက်သားတွေစားလို့၊ အာလူးတွေစားလို့၊ ဒါပေမယ့် ကိတ်တာကတော့ အကုန် ကိတ်တာနော်၊ ဗိုက်တွေလည်း ပူလာတယ်၊ ခါးတွေလည်း တုတ်လာတယ်။ အခု ခေတ်မီနေတဲ့ အချိန်မှာ ဗိုက်ချပ်တွေရှိတယ်ဆိုတော့ ကိုယ့်ခန္ဓာကိုယ်ကို နည်းနည်းတော့ ပြန်ထိန်းရတာပေါ့။ အဲဒါလေးတွေနဲ့ ထိန်းပြီးတော့ ကိုယ့်ကိုယ်ကိုယ် လှအောင်နေရတာပေါ့’’လို့ သူကပြောပါတယ်။

Photo: Baby Maung

လက်ရှိမှာလည်း သူမက မကြာခဏဆိုသလို မြန်မာဝတ်စုံလေးတွေ ဝတ်လေ့ရှိသူတစ်ယောက်ပါ။ ခေတ်လူငယ်တစ်ယောက်ပီပီ ခေတ်ဆန်ဆန်မဝတ်မစားပဲ မြန်မာဝတ်စုံတွေကို ရွေးချယ် ဝတ်ဆင်လေ့ရှိတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’အသက်ကြီးပြီလေ တော်ပြီပေါ့။ အသိကြီးဖို့လိုတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာမိန်းကလေး၊ မြန်မာမင်းသမီးလုပ်နေတာ ဆိုတော့ မြန်မာဝတ်စုံနဲ့က အရမ်းအက်စပ်တယ်လေ။ ကိုယ်ဝတ်တဲ့ ပုံစံလေးတွေကို ပရိသတ်တွေက ဘေဘီမောင်ချုပ်ဝတ်တာလေ၊ ဘယ်မင်းသမီး ချုပ်ဝတ်တာလေးဆိုပြီးတော့ နာမည် ဂုဏ်သတင်းတစ်ခု ရဖို့လိုတယ်။ မြန်မာမူလည်း မပျက်အောင် အမြဲတမ်းဝတ်ပြီးတော့ ဖေ့စ်ဘွတ်မှာလည်း တင်ဖြစ်ပါတယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့က ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Baby Maung

ဘေဘီမောင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းဆောင်ရွက်လာ သူတစ်ယောက်ပါ။ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း ဆောင်ရွက်နေရသူတစ်ယောက်ပါ။ ဒါအပြင် သူမက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူမဟာ သရုပ်ဆောင် မင်းရာဇာ၊ နဒီဝင့်နိုင်၊ အားသစ် တို့နဲ့အတူဇာတ်ကားရိုက်ကူးနေတာ တွေ့ရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က