အလုပ်ကို ပိုကြိုးစားပြီးလုပ်တယ်။

နီလန်းကတော့ နောက်တစ်ကြိမ်ရွေးချယ်မယ့် အချစ်ရေးမှာ ဆုံးရှုံးမှုတွေ မလိုချင်တော့တဲ့အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

Photo: Nilen



နီလန်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်နေသလို ချစ်သူဟောင်းကိုလည်း မေ့ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဝါသနာပါတဲ့အရာတွေကို ပိုလုပ်ဖြစ်နေတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ နီလန်းရဲ့ ချစ်သူက အဆိုတော်လည်း မဖြစ်စေချင်ဘူး၊ ပြီးတော့ လူအများကြီး သိလာမှာကိုလည်း သူမကြိုက်ဘူး။ Supporting မလုပ်ပေးဘူးပေါ့။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့အရာလေးကို ကြိုးစားပြီးလုပ်ခဲ့တယ်။ သူမရှိတော့တဲ့နောက်ပိုင်းမှာလည်း အခုလို လုပ်နေတဲ့အချိန်မှာ သူ့ကို မတွေးတော့ဘူး။ ရှေ့ဆက်ပြီးတော့ လုပ်ရမယ့် အလုပ်တွေလည်း ပိုများလာတယ်။ တိုက်ဆိုင်မှု တွေရှိလာရင်တော့ သူ့ကို သတိရပါတယ်။ တဖြည်းဖြည်းတော့ မေ့ဖို့ ကြိုးစားနေပါတယ်” လို့ဆိုပါတယ်။ 

Photo: Nilen

နီလန်းရဲ့ ချစ်သူဟာ နီလန်း Myanmar idol Season(3)ပြိုင်ပွဲဝင်နေချိန်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နီလန်းဟာ ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတုန်းကသူမရဲ့ ချစ်သူကို သတိရပြီး သီဆိုထားတဲ့ "အိမ်အလွမ်း"ဆိုတဲ့ သီချင်းကို နားထောင်းရင်း ပရိသတ်တွေရော ဒိုင်တွေပါ မျက်ရည်ကျတဲ့အထိ ခံစားခဲ့ကြရပါတယ်။ သူမရဲ့ အချစ်ဇာတ်လမ်းလေးဟာ တကယ့်ကို စို့နင့်ဖွယ်ကောင်းလွန်းလှပါတယ်။သူမခံစားနေရတာကို ကြည့်ပြီး ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: Nilen

နီလန်းဟာ သူမရဲ့ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူမ ရဲ့ အချစ်ရေးကိုလည်း နောက်ထပ် ဆုံးရှုံးမှုတွေ မဖြစ်စေချင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ 

“ နီလန်းရွေးချယ်ရရင်တော့ ကိုယ့်ကို လုံးဝ မထားခဲ့မယ့်လူမျိုးကို ရွေးချယ်ချင်တာပေါ့။ ကိုယ့်အလုပ်တွေရော၊ ကိုယ့်ဖြစ်တည်မှုကိုရော လက်ခံတဲ့သူမျိုး၊ သစ္စာမဖောက်မယ့်သူ၊ လုံးဝကို မထားခဲ့မယ့် သူ သေကွဲပဲဖြစ်ဖြစ်၊ ရှင်ကွဲပဲဖြစ်ဖြစ်ပေါ့။ လူဆိုတာ သေမျိုးချည်းပဲဆိုတာ နားလည်တယ်။ နီလန်းကိုလည်း စိတ်ဒုက္ခမရောက်အောင်၊ မျက်ရည်မကျအောင်ထားမယ့်သူမျိုးကိုပဲ ရွေးချယ်သွားမှာပါ” ဆိုပြီးတော့ မတ်လ ၂၀ ရက်နေ့က ANDY Makeup ရဲ့ Brand Ambassador ခန့်အပ်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nilen

နီလန်းကတော့ လက်ရှိမှာ ပရိသတ်တွေအတွက် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။ နာမည်ကျော်အဆိုတော်တွေရဲ့ သီချင်းတချို့ကို Cover Song အနေနဲ့ ပြန်လည် သီဆိုထားတဲ့ နီလန်းရဲ့ ဗီဒီယိုလေးတွေကလည်း ပရိသတ်အားပေးမှု အများကြီးရခဲ့ပါသေးတယ်။ နီလန်းဟာ အဆိုတော်တစ်ယောက်မဖြစ်ခင် Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က