တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိတယ်။

ဧငြိမ်းဖြူဟာ ရဲရင့်အောင် နဲ့ ချစ်သူ သက်တမ်းကြာလာတဲ့အချိန်မှာ တန်ဖိုးထား လေးစားမိတဲ့ အချက်တွေရှိတယ်လို့ ပြောပါတယ်။ အနာဂတ်အတွက်လည်း တိုင်ပင်ထားကြတယ်လို့ ဆိုပါတယ်။

Photo: K



ရဲရင့်အောင်ဟာ ဧငြိမ်းဖြူထက် အသက်ကြီးတာကြောင့် ဧငြိမ်းဖြူကို အမြဲတမ်း ဆုံးမသွန်သင်လေ့ရှိပါတယ်လို့ ပြောပါတယ်။ရဲရင့်အောင်ကို လေးစားမိတဲ့ အချက်လေးတွေရှိတယ်လို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’သူပဲ ညီမကို အမြဲဆုံးမတယ်။ ညီမကလည်း ကိစ္စတစ်ခုခုဖြစ်လာပြီဆိုရင် ဒါက လုပ်သင့်လား၊ မလုပ်သင့်ဘူးလားဆိုပြီးတော့ သူ့ကို လူကြီးတစ်ယောက်အနေနဲ့ တိုင်ပင်တယ်။ သူကလည်း လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုရင်တော့ ညီမက မလုပ်ပါဘူး။ သူကလည်း ညီမကို အမြဲတမ်း တိုင်ပင်ပါတယ်။ ဒါလေးတွေကတော့ တစ်ယောက်နဲ့ တစ်ယောက်လေးစားတာပေါ့။ ဒီအချက်လေးတွေက ကိုယ့်ချစ်သူကို တန်ဖိုးထားတယ်လို့ ခံစားရတယ်’’ လို့ သူကပြောပါတယ်။

Photo: A Nyein Phyu

ဧငြိမ်းဖြူကတော့ အခုဆိုရင် အဆိုတော် ရဲရင့်အောင်နဲ့ ချစ်သူတွေ ဖြစ်လာတာ ၂ နှစ်ကျော်လာပြီဖြစ်ပါတယ်။ မကြာသေးခင်ကတည်း ဧငြိမ်းဖြူရဲ့ ဘွဲ့သဘင်အခမ်းအနားမှာ ရဲရင့်အောင်ကို ခေါ်သွားဖြစ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

‘’ဧ ဘွဲ့ယူစရာရှိတယ်လို့ ဧ ကလည်း လိုက်စေချင်တယ်။ အမေကလည်း လိုက်စေချင်တယ် ဆိုပြီးတော့ လိုက်ဖြစ်သွားတာပေါ့။ ဧ က သူ့ကို ဘာမှ သိပ်မပြောဘူး။ ညီမတို့ နှစ်ယောက်စလုံးကလည်း ပြဿနာဖြစ်ရင်လည်း သေးသေးမွှားမွှား ကိစ္စလေးတွေပဲ ဖြစ်ကြတာလေ။ ပြတ်ပြီဆိုရင်လည်း သူငယ်ချင်းတွေက ရယ်ပဲရယ်နေကြတယ်’’ လို့ ဆိုပါတယ်။

Photo: A Nyein Phyu

ချစ်သူသက်တမ်း ကြာလာတာနဲ့ အမျှ ရှေ့ဆက်ရမယ့် အနာဂတ်တွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ထားကြတာတွေရှိတယ်လို့ ဧငြိမ်းဖြူက ဆိုပါတယ်။

‘’ ညီမတို့ နှစ်ယောက်ရဲ့ အနာဂတ် Plan လေးတွေကို သေသေချာချာ တိုင်ပင်ထားပါတယ်။ စိတ်ကူးထားတဲ့ အရာလေးတွေကိုလည်း နှစ်ယောက်စလုံး အကောင်အထည်ဖော်မှာပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့က A (တစ်စုံတစ်ယောက်) ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: A Nyein Phyu

ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ချစ်သူ နှစ်ဦးဟာ အခုဆိုရင် ချစ်သူ သက်တမ်း ၂ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာပဲ ချစ်သူအဖြစ် လက်တွဲခဲ့ကြသူတွေပါ။ ဧငြိမ်းဖြူကတော့ လက်ရှိမှာ ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို သူ ဝါသနာပါတဲ့ Dancer အလုပ်ကိုလည်း လုပ်ကိုင်လျှက်ရှိပါတယ်။ မကြာခင်မှာလည်း A(တစ်စုံတစ်ယောက်)ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က