အဓိက အရေးကြီးတဲ့ အချက်တွေကို ပြောပြလာပါတယ်။

နေဝင်းကတော့ ချစ်သူလေး အိမ့်ချစ်ချောနဲ့ ချစ်သူသက်တမ်း ၁၀ နှစ်တာဖြတ်သန်းလာတဲ့ အချစ်ခရီးလေးအကြောင်းကို ပြောပြလာပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခိုင်မာတဲ့အချစ်ရေးကလည်း ပရိသတ်တွေ အားကျရလောက်အောင်ပါပဲ။

Photo: Nay Win



အဆိုတော် နေဝင်း(Snare) ကတော့ ချစ်သူကောင်မလေး အိမ့်ချစ်ချောနဲ့ အခုဆိုရင် ချစ်သူသက်တမ်း ၁၀ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဒီလို ၁၀ နှစ်တာဖြတ်သန်းမှုတွေအကြောင်းကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်တို့လည်း ပုံမှန်အတိုင်းပဲ ရွေ့လာတာ နှစ်တွေက ကြာလာပြီဆိုတော့ သက္ကရာဇ်တွေက အသိအမှတ်ပြုပေးတာပေါ့နော်။ ကျွန်တော်တို့ နှစ်ယောက်ဟိုးအချိန်တွေ စတွဲလာကတည်းက ဒီအတိုင်းပါပဲ။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါကျတော့ ချောကလည်း သူ့ရဲ့ ခရီးသွားတဲ့ဘက်မှာ အဆင်ပြေလာတယ်။ ကျွန်တော်တို့ကလည်း ဒီဘက်မှာ ကိုယ့်အလုပ်နဲ့ကိုယ် ရှိပြီးသားဆိုတော့ လူတွေက ပိုပြီးတော့ သတိထားမိကြတယ်။ အဲဒီနောက်မှာလည်း ပိုချစ်ကြတယ်၊ ပိုအားပေးလာကြတယ်’’ လို့ သူကဆိုပါတယ်။

Photo: Nay Win

တစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းလာတဲ့ အချစ်ခရီးလမ်းမှာလည်း ကတောက်ကစလေးတွေ ဖြစ်တတ်ခဲ့ဖူးတယ်လို့ နေဝင်းက ပြောပါတယ်။

‘’ လူတစ်ယောက်နဲ့ တစ်ယောက်မှာတော့ အဓိက က နားလည်မှုပါပဲ။ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ဆိုရင် အရာအားလုံးက တည်မြဲပါတယ်။ လူတိုင်းမှာတော့ ပြဿနာလေးတွေတော့ ရှိတာပေါ့။ ဒီပြဿနာကို ဖြေရှင်းနည်းတွေလည်းရှိပါတယ်။ ဒီနည်းတွေနဲ့ပဲ အကောင်းဆုံးဖြေရှင်းခဲ့တာပါပဲ’’ လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Nay Win

နေဝင်း(Snare) နဲ့ အိမ့်ချစ်ချော တို့အတွဲကို အားကျကြတဲ့ ပရိသတ်တွေက အများကြီးပါ။ ဒါပေမယ့် နေဝင်းက Ro တတ်တဲ့ ချစ်သူမဟုတ်ဘူးလို့ ဆိုပါတယ်။

‘’ ကျွန်တော်က အရမ်းRo တတ်တဲ့သူလည်းမဟုတ်ပါဘူး။ ချွဲချွဲပစ်ပစ်တွေ စီကာပတ်ကုံးတွေနဲ့လည်း ကျွန်တော် မပြောဘူး။ သီချင်းရေးရင်လည်း အမျိုးစုံတွေးပြီးတော့ ရေးတာ။ ကျွန်တော်က ပုံမှန်ပဲလို့ ထင်နေပေမယ့်လည်း Ro တယ်လို့ ထင်ရင်လည်း ထင်ကြမှာပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့က Halloween Press ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

နေဝင်းကိုတော့ Snare အဖွဲ့ဝင်တစ်ယောက်အဖြစ် Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ စီးပွားရေးအနေနဲ့ O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေ ထုတ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေး ကိုယ် စီလည်း ဦးဆောင်နေရသလို အနုပညာအလုပ်တွေကိုလည်း ချစ်သူကောင်မလေးက ကူညီပေးတာကြောင့် ချစ်သူရ ကံကောင်းသူပါပဲ။ သူတို့ရဲ့ ချစ်သူသက်တမ်းက အခုဆိုရင် ၁၀ နှစ်ရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က