နိုဗိုတယ်ဟိုတယ်မှာ ခမ်းခမ်းနားနားပြုလုပ်ကျင်းပခဲ့တာပါ။

ချစ်စနိုးဦးကတော့ ချစ်သူဖြစ်တဲ့ အဆိုတော်ဖိုးသားနဲ့ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲ ကျင်းပခဲ့ပြီဖြစ်ပါတယ်။ နာမည်ကျော်အနုပညာရှင်များစွာတို့က တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။

Photo: Soe Pyae Thazin


အဆိုတော် ဖိုးသားနဲ့ ချစ်စနိုးတို့ စုံတွဲကတော့ အောက်တိုဘာ(၂၆) ရက်နေ့က Novotel Hotel မှာ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာညစာစားပွဲ ကိုတော့ နိုဝင်ဘာ(၂) ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ ချစ်စနိုးဦးရဲ့ ချစ်သူကတော့ အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာ ရပ်တည်နေပြီး ပရိသတ်တွေသိတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo: Aye Thaung

သရုပ်ဆောင် ချစ်စနိုးဦးတို့ စုံတွဲကတော့ (အောက်တိုဘာ၂၀ ရက်) အလံပြဘုရားကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ကြပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဖိတ်ကြားထားတဲ့ ဧည်သည့်တော်တွေနဲ့ အနုပညာရှင်တွေ များစွာ တက်ရောက်ခဲ့ကြတာလည်း တွေ့ရပါတယ်။ အဆိုတော် ဖိုးသားနဲ့ချစ်စနိုးဦးတို့ဟာ အောက်တိုဘာ၁၆ရက်နေ့မှာ နှစ်ဖက်မိသားစု စုံစုံလင်လင်နဲ့ lotte Hotel တွင် မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Yan Aung

သူတိ့ုရဲ့ မင်္ဂလာပွဲမှာတော့ သတို့ သမီးအရံများအဖြစ် သရုပ်ဆောင် မအေးသောင်း၊ စံရတီမိုးမြင့်၊ ရွှေသမီး၊ နန်းခင်ဇေယျာနဲ့စိုးပြည့်သဇင်တို့က ပါဝင်ပေးခဲ့ကြပါတယ်။ မင်္ဂလာတေးအခါတော်များအဖြစ် အဆိုတော် ရန်အောင်နဲ့ ဝါရင့်သရုပ်ဆောင်ကြီး ချိုပြုံးတို့က မင်္ဂလာတေးသီချင်းတွေ သီဆိုပေးခဲ့ကြတယ်ဆိုတာကို ရန်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၈ နာရီ ကျော်က ရေးသားခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က