ဒီနေ့ကတော့ စည်ဖြိုးရဲ့ မွေးနေ့ ဖြစ်ပါတယ်။

စည်ဖြိုးကတော့ သူ့ရဲ့ မွေးနေ့လေးမှာ အမှတ်တရလေးတွေ ဖန်တီးပေးတဲ့ ချစ်သူလေးကြောင့် ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ 

Photo: Si Phyo



စက်တင်ဘာလ(၄) ရက်နေ့ကတော့ သရုပ်ဆောင် စည်ဖြိုးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူအရမ်းလိုချင်တဲ့ ပစ္စည်းလေးကို ချစ်ရသူလေး ခင်လွှမ်းက မွေးနေ့ လက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

"အိပ်ခါနီး ခေါင်းဦးအောက်က suprise အတွက် ကျေးဇူးပါချစ်ဆုံး။ ညီလေးကို သူ့လ ruby နဲ့လုပ်ပေးခဲ့တုန်းက ကိုယ်လည်း ကိုယ့်လ sapphire နဲ့လုပ်ရင်လည်းလှမှာ လိုတောင်လိုချင်လာပြီလို့ပြောဖူးတာလေးအမှတ်ရနေပေးလို့" ဆိုပြီးတော့ စက်တင်ဘာလ(၄) ရက်နေ့ မနက် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Si Phyo

စည်ဖြိုးရဲ့ ချစ်သူလေး ခင်လွှမ်းကလည်း အခုလို မွေးနေ့ဆုတောင်းစကား ဆိုထားပါသေးတယ်။ 

" Happy Birthday ချစ်ဆုံးလေးမွေးနေ့မှစပြီး ကိုယ်ချစ်တဲ့ မိသားစုတွေနဲ့အတူ ဖြစ်ချင်သောဆန္ဒများ အမြန်ဆုံးပြည့်ဝပြီး ဘာသာရေး သာသနာရေးတွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်ပြီး လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ရရှိ ခံစားစံစားနိုင်ပါစေ မိဘကိုကျေးဇူးဆပ်နိုင်သော သားကောင်းလိမ္မာလေး ဖြစ်ပြီး သာသနာပြုလုပ်ငန်းတွေကိုလည်း ဆထက်တပိုး အကျိုးပြုသွားနိုင်ပါစေရှင်။ ဂျူးလည်း ဒီထက် ပိုပြီး ကိုယ့်ပြောစကားနားထောင်ပြီး လိမ္မာသွားပါ့မယ်လို့ ချစ်တဲ့ ဂျူး" ဆိုပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မွေးနေ့ ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ 

Photo: Si Phyo

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ လက်ရှိမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က