၅ နှစ်ကျော်အကြာလက်တွဲလာခဲ့တဲ့ ချစ်သူတွေပါ။

အမွန်းဟာ ၅ နှစ်အကြာလက်တွဲထားတဲ့ ချစ်သူနဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်တော့မယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ မိဘတွေ အချင်းချင်း တွေ့ဆုံခဲ့ကြပြီလို့ သိရပါတယ်။

Photo: Ah Monn



အဆိုတော် အမွန်းကတော့ ချစ်သူဖြစ်တဲ့ Raouf Bac နဲ့ လက်ထပ်တော့မယ်လို့ သိရပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ စေ့စပ်ပွဲလေး လုပ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီနောက် ခင်ပွန်းလောင်းကို ကချင်နာမည်ပေး ကင်ပွန်းတပ်ပွဲလည်း လုပ်ခဲ့ပါတယ်တဲ့။ အမွန်းရဲ့ ချစ်သူ Raouf Bac ရဲ့ ကချင်နာမည်ကတော့ Zau Lawn Lahtaw ပါတဲ့။

“သူကျွန်မကို ပြီးခဲ့တဲ့နှစ်၂၀၁၉ သြဂုတ်လ ချစ်သူသက်တမ်း လေးနှစ်ပြည့်ချိန်မှာ လက်ထပ်ခွင့်ေ တာင်းခဲ့ပါတယ်။ ဒီနေ့မှာေ တာ့ သုံးဖက်သောမိဘ ရှေ့( သူ့မိဘ၊ ကျွန်မမိဘနဲ့ ကချင်ထုံးတမ်းစဉ်လာအရ သူ့ကိုသားအဖြစ်အသိအမှတ်ပြု မွေးစားတဲ့ သူ့ရဲ့ ကချင်မိဘ Duwa Lahtaw Hkun Myat Family ) လူကြီးစုံရာနဲ့ သူ့ကို ကချင်နာမည်ပေး ကင်ပွန်းတပ်ပွဲေ လးကျင်းပပြီး ပါပြီ။ မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားကို ဒီနှစ်ကုန်ပိုင်းကျရင် ကျင်းပမှာဖြစ်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူမရဲက ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Ah Monn

အမွန်းရဲ့ ချစ်သူကတော့ ပြင်သစ်နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်တာကတော့ ၅ နှစ်ကျော်ပါပြီ။ သူမရဲ့ ချစ်သူက လှည့်ကြည့် စရာမလိုအောင်ကို ယုံကြည်စိတ်ချရသူ တစ်ယောက်ဖြစ်တယ် ဆိုတာကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

'' ချစ်သူကို မယုံရဘူးဆို ဘာလို့ တွဲမှာလဲ တွဲစရာအကြောင်းမရှိဘူးလေ. အမွန်းက အရမ်းယုံရတဲ့ သူမို့လို့ပါ. သူကိုယ်တိုင်ကလေ ဘယ်နေရာပဲ ရောက်သွား ရောက်သွား စိတ်ချရတဲ့ ပုံနဲ့နေတယ်. ဒါက သူပြောပြလို့ မဟုတ်ဘူး သူငယ်ချင်းတွေ အသိုင်းအဝိုင်း တွေက လာပြောတာ သူအရမ်းကို နေတတ်တယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ပတ်ဝန်းကျင်တွေက သူ့ကိုချစ်ကြတော့ အမွန်းကံကောင်းပါတယ်'' လို့ဆိုပါတယ်။

Photo: Ah Monn

အမွန်းဟာ ၂၀၁၈ ခုနှစ်အတွင်းက Mr.Raouf Bac နဲ့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုပြီးတော့ ပရိသတ်တွေကို တရားဝင်အသိပေးခဲ့တာဖြစ်ပါတယ်။ အမွန်းရဲ့ခင်ပွန်းလောင်းကတော့ ပြင်သစ်နိုင်ငံသား တစ်ယောက်ပါ။ ချစ်သူတွေလို့ အသိပေးပြီးတဲ့နောက်မှာလည်း အမျိုးမျိုးသော ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။ ဒီဝေဖန်မှုတွေကိုတော့ အမွန်းက ဘာတစ်ခုမှ တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ လက်ရှိမှာတော့ အမွန်းရဲ့ အလုပ်တွေ အပေါ် ချစ်သူဖြစ်သူက အားပေးဖြစ်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က