Ei Ei Myat

တစ်နှစ်ကျော် ကြာနေပြီဖြစ်တဲ့ အစ္စဏီနဲ့ စူးရှထက်တို့ရဲ့ အမှုကတော့ မကြာခင် ပြီးဆုံးတော့မှာဖြစ်ပါတယ်။နာမည်ကြီးစာရေးဆရာမတစ်ဦးရဲ့ ဖြေရှင်းပေးမှုကြောင့် ကျေအေးပေးဖို့ အလားအလာရှိနေပြီလို့ ရှေ့နေ ရောဘတ်စန်းအောင်က ဆိုပါတယ်။ အစ္စဏီအနေနဲ့ အပြီးသတ် လွတ်ဖို့ကတော့ အချိန် (၂)လလောက် ကြာမယ်လို့ သိရပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကတော့ မကြာခင် ပြီးဆုံးတော့မယ်လို့ သိရပါတယ်။ ဒီနေ့(သြဂုတ်လ၅ရက်) ရုံးချိန်းမှာ အမှုကြေအေးဖို့ အလားအလာရှိတယ်လို့လည်း စူးရှထက်ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

“စာရေးဆရာမတစ်ဦးက ကြားဝင်ပြီး ဖြေရှင်းပေးတာပါ။ ညှိနှိုင်းမှု အဆင်ပြေမယ်။ လက်မှတ်ရေးထိုးပြီး သက်သေတွေအနေနဲ့ ဟိုဘက်ရှေ့နေ ဒီဘက်ရှေ့နေ တွေရှေ့မှာ လက်မှတ်ထိုးပြီး တင်ပေးမှာပါ။ အစ္စဏီလွတ်ဖို့ကတော့ ချက်ချင်းတော့ လွတ်မှာမဟုတ်ပါဘူး။ အဆင့်ဆင့် တင်ရမယ်။ ၂လလောက်တော့ စောင့်ရတယ်။ ၇၅ ရာခိုင်နှုန်းလောက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ နှစ်ဖက်စလုံးက အေးချမ်းလိုတဲ့ ဆန္ဒ ရှိကြတယ်။ ကိုအစ္စဏီဘက် သတင်းစာဆရာ သမားများရှေ့မှာ သူမှားပါတယ်။ သူတောင်းပန်ပါလို့ တရားဝင်ပြောလိုက်ရင် အဆင်ပြေမှာပါ” လို့ ဒီနေ့ရုံးချိန်းမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။



လက်ရှိအချိန်ထိ တရားလိုနဲ့ တရားခံ နှစ်ဦးစလုံး ရုံးတော်သို့ မရောက်သေးတာကြောင့် ကြေအေးဖို့ ကိစ္စ ဆုံးဖြတ်ချက် မချရသေးပါဘူး။ ယခုလို ကြေအေးဖို့ လက်ခံလိုက်တယ်ဆိုတာကလည်း ငွေကြေးကြောင့် လုံးဝမဟုတ်ဘူးလို့ စူးရှထက်ရဲ့ ရှေ့နေက ပြောခဲ့ပါတယ်။ ရုံးချိန်းအပြီး ထွက်ပေါ်လာမယ့် သတင်းများကိုလည်း Duwun Media ကနေ ဆက်လက်ဖော်ပြပေးသွားမှာပါ။



အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က