ဒီနေရုံးချိန်းမှာ ချမှတ်လိုက်တာပါ။
Ei Ei Myat

ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီ တစ်ယောက် ထောင်(၇)နှစ် ကျသွားခဲ့ပါပြီ။

ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီအား တာမွေတရားရုံးကနေ ဒီနေ့ (ဒီဇင်ဘာ၇ရက်) မှာ ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

အဆိုပါ အမှုကိစ္စနဲ့ ပတ်သက်ပြီး တရားလိုရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က Duwun ကို ပြောပြခဲ့ပါတယ်။

“ အစ္စဏီကို ပုဒ်မ ၃၇၆/၃၂၄ နဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာလို့ကြားတယ်။ မုဒိန်းမှုနဲ့ပဲ ထောင် ၇ နှစ်ကျသွားတာပါ။ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ ကာယကံရှင်က ကျေအေးသော် လည်းပဲ တရားရုံးက ခွင့်မပြုရင် ဒီအမှုက ရပ်ဆိုင်းမသွားပါဘူး။ ရုတ်သိမ်းလွှာတင်ပေမယ့် ရုံးတော်က လက်မခံတော့ အမှုကို အမှုအတိုင်းပဲ ကြားနာပြီးတော့ ဆုံးဖြတ်လိုက်တာပါ” လို့ ဆိုပါတယ်။

တရားလိုဘက်ဆိုင်ရာ ရှေ့နေတစ်ယောက်အနေနဲ့ တရားခံရဲ့ သတင်းကြားရတာ အရမ်းကို စိတ်မကောင်းဖြစ်မိသလို အစ္စဏီရဲ့ မိခင်ဖြစ်သူ ကျန်းမာရေးကိုလည်း စိုးရိမ်ကြောင်း သူက ဆက်လက်ပြော ပြခဲ့ပါတယ်။

“သူ့ရဲ့ မိခင်ကြီးရဲ့ ကျန်းမာရေးကမကောင်းဘူး။ အဲဒါတစ်ခုတော့ စိုးရိမ်မိပါတယ်။ အယူခံမှာ အမြန်ဆုံးပြန်လွတ်ပါစေလို့ဆုတောင်းတယ်။ အယူခံကလည်း ခရိုင်အထိတက်လို့ရတယ်၊ တိုင်းအထိတက်လို့ရတယ်၊ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ တက်လို့ရပါသေးတယ်” လို့ သူကပြောပါတယ်။

အစ္စဏီအမှုကိစ္စနဲ့ ပတ်သက်ပြီး အစ္စဏီရဲ့ရှေ့နေ ဦးကျော်ဇင်ဦးကလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“ ထောင်ဒဏ်၇ နှစ်ချလိုက်တာ ဟုတ်ပါတယ်။ ပုဒ်မဘယ်နှစ်ခုကိုချတယ်ဆိုတာတော့ သေချာမသိရသေးပါဘူး” လို့ သူက ဆိုပါတယ်။

တရားခံ အစ္စဏီကို တရားလို စူးရှထက်ဘက်က၂၀၁၉ခုနှစ်၊ သြဂုတ်လ(၅) ရက်နေ့က အမှုကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စဏီအမှုဟာ ၂၀၁၈ခုနှစ်၊ ဧပြီ(၁၂) ရက်နေ့က စတင်ခဲ့ပြီး အချုပ်ကျရင်းနဲ့ အချိန် (၂)နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။


က္က