ဒီအကြောင်းအရာအပေါ် ဦးရောဘတ်စန်းအောင်ကလည်း ပြောပြလာပါတယ်။
Sabal Thwin

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာက ရုံးချိန်းမှာ တရားလို မိန်းကလေးဘက်က ရုံးချိန်းပျက်ကွက်မှုတွေ အပေါ် ဖမ်းဝရမ်းထုတ်လို့ရကြောင်း ပြောလာခဲ့ပါတယ်။

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ (သြဂုတ်လ ၂၆ ရက်)က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ မင်းရာဇာဟာ ရုံးချိန်းတက်ရောက်မလာတဲ့ တရားလိုအပေါ် ဖမ်းဝရမ်းထုတ်လို့ရကြောင်း မီဒီယာတွေကနေတဆင့် ပြောလာခဲ့ပါတယ်။

 “ အဓိက ပြောချင်တာက တရားလိုဘက်က ရုံးချိန်း (၃) ချိန်းမလာဘူးဆိုရင် ဖမ်းဝရမ်းထုတ်လို့ရပါပြီ။ မြို့နယ်ဆိုရင်မလာတာ (၄) ချိန်းရှိသွားပြီ။ အရှေ့ပိုင်းခရိုင် ရုံးချိန်းဆိုရင် မလာတာ (၅) ချိန်းရှိသွားပြီ။ ကောင်မလေးရဲ့ အသက်ကလည်း သူတို့ပေးတဲ့ စစ်ဆေးချက်တွေနဲ့ အတိအကျစစ်လိုက်တာ အခု အသက်က (၂၂) နှစ်အထိပေါ်နေပါတယ်" ဆိုပြီးတော့ သြဂုတ်လ(၂၆) ရက်နေ့ ရုံးချိန်းမှာ အပြန်မှာပြောခဲ့တာပါ။ 

မိန်းကလေးရဲ့ အသက် (၂၂) နှစ်ဟုတ်မဟုတ် အတည်ပြုဖို့အတွက် Duwun ကနေတဆင့် တရားလိုမိန်းကလေးဘက်က ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “ ကလေးမလေးရဲ့ အသက်ကိုဖွင့်ပြောတာဟာ တရားရုံးက မသုံးသပ်ခင်မှာ ပြောတာဖြစ်တယ်။ ဒါဟာ တရားရုံးကို မထီမဲ့မြင်ပြုရာရောက်တယ်။ မပြောသင့်တာကို သူပြောတာ။ ကလေးမလေးရဲ့ အသက် ဘယ်ရွေ့ ဘယ်မျှဆိုတာက စာမတတ်တဲ့တရားလိုကို အင်္ဂလိပ်လို သက္ကရာဇ်တွေ မေးလိုက်၊ မြန်မာလိုသက္ကရာဇ်တွေ မေးလိုက်နဲ့ စာမတတ်ပါဘူးဆို လိုရာဆွဲပြီးမေးနေကြသလိုပါပဲ။ အပြီးသတ် အဖြေကို စောင့်မျှော်ရမှာပါပဲ။ သူ့ကို ဓမ္မာရုံမှာ ထိုင်နေတဲ့ အချိန်ဖမ်းလာတာ မဟုတ်ပါဘူး”လို့ သူကဆိုပါတယ်။ 

ထို့အပြင် အမည်မသိ အမျိုးသမီး ရှေ့နေ (၂)ယောက်နဲ့ အမျိုးသားတစ်ယောက်တို့က တရားလို ကောင်မလေး နေထိုင်ရာ နေရာများကို လိုက်လံ စုံစမ်းနေတယ်လို့လည်း တရားလို ရှေ့နေက ဆိုပါတယ်။ ဒီနေ့ 

တရားလို မိန်းကလေးဘက်က ရုံးချိန်းမတက်ရောက်နိုင်သေးတဲ့ အခြေအနေအမှန်ကိုလည်း ဦးရောဘတ်စန်းအောင်က ဆက်ပြောပြလာပါတယ်။

 “ တရားလိုဘက်က မလာတာကို ဖမ်းဝရမ်းထုတ်လို့ရတယ်ဆိုတဲ့ စကားက ဥပဒေစကားပါ။ အရပ်သုံး၊ အရပ်ပြော ပြောလို့မရပါဘူး။ တရားလိုကို ဘယ်အခြေအနေမှာ ဖမ်းဝရမ်းထုတ်ရတယ်ဆိုတာ ဥပဒေပြဌာန်းချက်ရှိတယ်။ အခု အမျိုးနာမည်မသိတဲ့ အမျိုးသမီးရှေ့နေ (၂) ယောက်နဲ့ အမျိုးသား တစ်ယောက်က အိမ်မဲမြို့နယ်၊ ရွှေဘို ရေကျော်ရွာဘက်ကိုသွားပြီးတော့ ကလေးမလေး ဘယ်မှာနေသလဲဆိုတာကို လိုက်လံ စုံစမ်းနေတဲ့အတွက် စိုးရိမ်သောကရောက်နေလို့ မလာသေးတာ။ အဲဒါကို ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးကလည်း မှန်ကန်ကြောင်းပြောထားတာ အထောက်အထားရှိပါတယ်။ တိုင်းကနေ အမှုခေါ်ထားတဲ့ အချိန်မှာ ပြောနေတာ ပြောပါစေ။ ရှင်းသင့်ရှင်းထိုက်တာကို ရှင်းမယ်လို့ပဲ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။ 

သရုပ်ဆောင်မင်းရာဇာဟာ ဇူလိုင်လ(၂၂) ရက်နေ့ ရုံးချိန်းတုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကို မီဒီယာတွေ အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။ အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က Duwun ကို ပြောပြခဲ့ဖူးပါတယ်။

 မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတိုင်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။ 

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။



Author


က္က