ဒီနေ့ရုံးချိန်းကနေ နောက်တစ်ရက်ကို ထပ်မံ ချိန်းဆိုလိုက်ပါတယ်။

သရုပ်ဆောင် ဝေဠုကျော်နဲ့ သင်းသင်းတို့ဟာ ဒီနေ့(မတ်လ၂၈ရက်)က ပြုလုပ်တဲ့ (၆)ကြိမ်မြောက် ရုံးချိန်းသို့ တက်ရောက်လာခဲ့ပါတယ်။

 

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(မတ်လ၂၈ရက်) မှာ ၆ ကြိမ်မြောက် ရုံးချိန်းကို လာရောက်ခဲ့ ပါတယ်။ အမှုစစ်ဆေးခြင်းများကို ဒီနေ့မှာ ပြုလုပ်ခြင်း မရှိဘဲ ဧပြီလသို့ ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။



“ရုံးချိန်းတစ်ချိန်းကို ထပ်တိုးပြီးယူလိုက်တယ်လို့ ပြောလို့ရပါတယ်။ တစ်ပိုင်းက ကျွန်တော့်ရဲ့ ရုံးချိန်းနဲ့ အရမ်းကြီး နီးကပ်သွားတဲ့အတွက်ေ နာက်ထပ်ရုံးချိန်းတစ်ချိန်းကို ထပ်ရွှေ့ပြီး ယူလိုက်ပါတယ်။ ဧပြီ(၁၁) ရက်နေ့ကို ဒေါ်သင်းသင်းဦးကို ပြန်လည်စစ်မေးဖို့ အတွက် ချိန်းဆို သွားမှာပါ။ သူ့ရဲ့ ထွက်ဆိုချက်တွေက ဘောင်ဝင်တယ်မဝင်ဘူး။ တရားမျှတမှု ရှိတယ်မရှိဘူးနဲ့ မှတ်ကျောက်တင်နိုင်မယ့် အခြေအနေတစ်ရပ်ကို ဖော်ထုတ်သွားဖို့အတွက် ရုံးချိန်းတစ်ချိန်းဟာ နောက်ရုံးချိန်းမှာ ဆက်လက်ပေါ်ပေါက်လာမှာပါ။ဒီနေ့တော သူ့ကို မစစ်ဖြစ်ပါဘူး။ ကျွန်တော် တို့ဘက်က တင်ပြစရာ အထောက်အထားတွေကို စုဆောင်းနေတာတွေပါနေသလို တခြားရုံးချိန်တစ်ခုနဲ့ ကပ်သွားလို့ ရုံးချိန်းချိန်းလိုက်တာပါ။” လို့ဒီနေ့ ရုံးချိန်အပြန်မှာ Duwun Media သို့ ဖြေဆိုခဲ့ပါတယ်။


ဧပြီလထဲမှာ ထပ်မံချိန်းဆိုလိုက်တဲ့ ရုံးချိန်းမှာ တရားစွဲဆိုထားသူ သင်းသင်းရဲ့ ထွက်ဆိုချက်တွေကို ပြန်လှန်စစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဝေဠုကျော်တို့ ဘက်ကလည်း ရုံးတော်သို့တင်ပြစရာ အထောက်အထားများကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်အောင် ပြင်ဆင်ထားပြီ ဖြစ်တယ်လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ဦးဖိုးဖြူက ဆိုပါတယ်။

“ဒေါ်သင်းသင်းက သူ့ဘက်တစ်ခြမ်းထွက်ဆိုချက်တွေကို ထွက်ဆိုပြီးပါပြီ။ အဲ့ဒါတွေကို ပြန်လည်စစ်မေးခြင်းအားဖြင့် ကျွန်တော်တို့တွေ အကောင်အထည်ဖော် ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ကိုဝေဠုကျော်ဘက်ကလည်းတင်ပြစရာအထောက်အထားတွေကိုလည်း ပြည့်ပြည့်စုံစုံ တင်ပြနိုင်အောင် ကျွန်တော်တို့ အားလုံး ကြိုးစားထားပါတယ်။ ။ ပရိသတ်ကြီးကိုလည်း ကိုဝေဠုကျော်ရဲ့ အမှန်တရားဖော်ထုတ်မှုတွေကို ဆက်လက်စောင့်ကြည့်ပါ။ အမှန်တရားပေါ်မှာ ဆက်လက်ပြီးတော့ ရပ်တည်အားပေးသွားပါ။ ကျွန်တော်တို့ကလည်း တရားမျှတမှုကို မရရအောင် ရှာဖွေဖော်ထုတ် သွားပ့ါမယ်လို့ ကျွန်တော်တို့က ကတိပြုချင်ပါတယ်။” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

တရားစွဲဆိုသူ အလှမယ်သင်းသင်းနဲ့ စွဲဆိုခြင်းခံရတဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ကို တရားရုံးက ဧပြီ(၁၁) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။

အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က