အခုချိန်မှာ ဘုရား၊ တရား ပိုလုပ်ဖြစ်နေတယ်။

ဆုအိမ့်စံကတော့ သူရိယကိုတရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ သူ့ရဲ့ ဘဝမှာ ရည်ရွယ်ချက်ထားတာတွေ ဖြစ်မလာခဲ့တော့ဘူးလို့ ဆိုပါတယ်။

Photo: Forever



သရုပ်ဆောင် ဆုအိမ့်စံကတော့ အခုလက်ရှိမှာ သရုပ်ဆောင် သူရိယကို တရားစွဲဆိုထားပြီလို့ သိရပါတယ်။ ဒီလို တရားစွဲဆိုထားတဲ့ အချိန်မှာလည်း ဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ တရားဥပဒေအတိုင်း ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် ဆုဆုရဲ့ ရှေ့နေတွေက သူတို့ဘာသာ သူတို့ ဆက်လုပ်သွားမှာပါ။ အခုချိန်မှာ တရား စစွဲထားပြီဖြစ်တဲ့အတွက် တရားရေးတွေနဲ့ပတ်သက်ပြီး ဆုဆုက ပြောလို့မရဘူး။ ဆုဆုတို့ မိသားစုမှာလည်း ဒါနဲ့ ပတ်သက်ပြီး ဘာမှ အကျွမ်းအဝင်မရှိဘူး’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့ညက Dancing with the star ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Hsu Eaint San

သူမတို့အချစ်ရေးသတင်းတွေကြောင့်လည်း မိသားစုဝင်တွေက တော်တော် စိတ်မကောင်းဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆုအိမ့်စံ ကိုယ်တိုင်ကလည်း ဘုရားတရားပိုလုပ်ဖြစ်နေတယ်လို့ ပြောပါတယ်။

‘’ အဓိက က မေမေတို့မှာ ကိုယ်အခုလိုဖြစ်တာတွေ အတွက် စိတ်မကောင်းဘူး။ ဆုဆုတို့ကတော့ စေ့စပ်ပြီးနောက်ပိုင်းမှာ စပြီးတော့ အဆက်အသွယ်တွေ မရှိတော့ဘူး။ ဒီအချိန်မှာတော့ ဆုဆု ဘုရား၊ တရားလုပ်တယ်။ ကိုယ့်ရဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် တည်ငြိမ်အောင် ထားတယ်။ လူတွေရဲ့ အကြောင်းကို သိလာတယ်။ ဒါပေမယ့် နည်းနည်းလေးတော့ အသားမကျသေးဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Forever

ဆုအိမ့်စံဟာ သူ ရည်ရွယ်ထားတဲ့ အရာတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မရည်ရွယ်ထားတာတွေ ဖြစ်လာတဲ့ အချိန်မှာတော့ အရမ်းခံစားခဲ့ရတယ်လို့ သူကပြောပါတယ်။

‘’ ဆုဆုက ကိုယ့်ရဲ့ ဘဝမှာ အများကြီး ရည်ရွယ်ထားတာပေါ့နော်။ အများကြီးလည်း စီစဉ်ထားတာဖြစ်တဲ့အတွက် ဒီလိုကိစ္စကြီးဖြစ်သွားတော့ ဘာမှ မယုံရဲတော့ဘူးပေါ့နော်။ ပြောင်းလဲတတ်တဲ့ လူတွေရဲ့ စိတ်က အမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်။ ကိုယ်က တစ်ထစ်ချ သတ်မှတ်ထားပေမယ့်လည်း ပြောင်းလဲသွားတတ်တယ်။ အဖြစ်အပျက်သဘောကို သိသွားတာပေါ့’’ လို့ ဆိုပါတယ်။

Photo: Hsu Eaint san

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းကို လိုက်ဖက်ညီလွန်းခဲ့တဲ့ ချစ်သူတွေဖြစ်တာကြောင့်လည်း ပရိသတ်တွေ အားကျရတဲ့ စုံတွဲ တစ်တွဲ ဖြစ်ခဲ့ပါသေးတယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော်ကြာတဲ့ အချိန်မှာတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းမှာ သူရိယဘက်ကနေ လမ်းခွဲသတင်းကို ကြေညာခဲ့တာတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က