အနုပညာကြေးရတာက အရမ်းနည်းပါတယ်။

ဝက်မဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်နေပေမယ့် ရရှိလာတဲ့ အနုပညာကြေးက နည်းပါးလွန်းတာကြောင့် သားသမီးတွေကို ကောင်းကောင်းမွန်မွန် မထားပေးနိုင်ဘူးလို့ဆိုပါတယ်။ 

Photo: _ ဝက်မ (ဦးဝက်မရဲ့ သားနဲ့ သမီး )



ဝက်မ မှာတော့ (၁၀)တန်းအောင်ပြီးသား သမီးလေး တစ်ယောက်နဲ့ (၈) တန်းအရွယ် သားလေး တစ်ယောက်ရှိတယ်လို့ သိရပါတယ်။ ဒီသားသမီးလေးတွေကို ဖခင်တစ်ယောက်အနေနဲ့ တင့်တောင့်တင့်တယ် မထားပေးနိုင်တဲ့ အပေါ် ရင်ထဲက ခံစားချက်တွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ကိုယ်ကျန်းမာရေး မကောင်းတဲ့ အချိန်တွေတုန်းက သားသမီးတွေကို စိတ်အရမ်းပူခဲ့တာပေါ့။ ဦးဝက်မ မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ ကလေးတွေကလည်း နေရာတစ်ခု မရောက်သေးဘူး။ ကိုယ်ကလည်း ဖခင်တစ်ယောက်ရဲ့ တာဝန်မကျေပွန်သေးဘူး။ ကိုယ်ရတဲ့ အနုပညာကြေးဆိုတာကလည်း သားသမီးတွေကို တင့်တောင့်တင့်တယ် ထားနိုင်မယ့် အင်အားမရှိဘူူး” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: ဝက်မ (ဦးဝက်မရဲ့ ဇနီး) 

ဝက်မဟာ ဗီဒီယိုဈေးကွက်ပျက်သွားတဲ့အချိန်မှာ အနုပညာအလုပ်တွေနဲ့ ဝေးကွာ သွားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ပို့ ကာရိုက်တာ အတွက် ဇာတ်ကားခေါ်ရိုက်မယ့် သူတွေလည်းမရှိတဲ့အပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

“ ဘဝရဲ့ ကံကိုက ဒီလောက်ပဲ ပါတာ ဆိုတော့ တန်တယ်လို့ပဲ ပြောရမှာပေါ့နော်။ အတိတ်ဘဝက မိမိပြုထားတဲ့ ကံ၊ မိမိခံစားနေရတဲ့ ကံတရား။ ဒါတွေက ဒီ့ထက်ပိုလုပ်လို့ မရဘူး။ ဘဝကို ရိုးသားစွာဖြတ်သန်းရမယ်။ သူများ ချမ်းသာနေလို့ ကိုယ်လိုက်ပြီး ချမ်းသာနေစရာမလိုဘူး။ ဝက်မ ဘာပိုင်လဲ ဘာမှမပိုင်ဘူး။ ရန်ကုန်မှာ အိမ်ရှိလားဆိုလည်း မရှိဘူး။ အခုချိန်ထိ အိမ်ငှားနေတယ်။ကိုယ့်ဇာတိရွာမှာတော့ ကိုယ်ခေါင်းချသွားခဲ့မယ်ဆိုရင် ဇနီးနဲ့ သားသမီးတွေ နေဖို့ အိမ်တစ်အိမ်တော့ စီစဉ်ပေးထားတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: ဝက်မ

ဝက်မကိုတော့ ‘’ရယ်စရာပျော်စရာ ဟာသကမ္ဘာ’’ အစီအစဉ်တွေမှာ အမြဲတမ်း တွေ့မြင်နေရတာဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ များစွာ ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ဝက်မရဲ့ စကားသံဝဲဝဲ နဲ့ ဟာသစကားတွေ ပြောတတ်ပုံတွေကတော့ ပရိသတ်တွေကို ပိုပြီး သတိထားမိစေခဲ့တဲ့ အချက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က