နိုဝင်ဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်မှာတော့ ဘူဆန်ရုပ်ရှင်ရုံမှာ ပြသသွားမယ်လို့ သိရပါတယ်။

ဒါရိုက်တာဏကြီးရဲ့ ''မီ''ရုပ်ရှင်ဇာတ်ကားကြီးကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ASEAN Film Week 2019 ပွဲကြီးမှာ ၂ ရက်တိုင်တိုင် ပြသသွားမှာ ဖြစ်ပါတယ်။

Photo: ASEAN Culture House - 아세안문화원



တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပပြုလုပ်မယ့် ‘’ 2019 ASEAN Film Week Busan Guest Release’’ ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒါရိုက်တာဏကြီးရဲ့ ‘’မီ’’ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပါဝင်ပြသခွင့်ရတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ဒါရိုက်တာ ဏကြီးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးရဲ့ ဇနီး သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက ဂုဏ်ယူမဆုံးဖြစ်နေပါတယ်။

''Bon Voyage ဦးရေခဲ ❤️ ဒီနေ့သူ့ရဲ့ ရုပ်ရှင် Busan ASEAN film week မှာပြခွင့်ရလို့ သူကိုရီးယားကိုသွားရတဲ့နေ့ ?မြန်မာဒါရိုက်တာတစ်ယောက်အနေနဲ့ သူရဲ့ပွဲဦးထွက်ရုပ်ရှင်ကားကြီးကို Busan ASEAN film weekလိုမျိုးမှာပြခွင့်ရတာ သူဂုဏ်ယူရှာမှာပေါ့။ အဲဒါကို မနေ့က congratulations boo bear ဆိုပြီး post လေးတစ်ခုတင်ခဲ့တာကလွဲလို့ ကိုယ်အဲဒီပွဲအကြောင်းလည်းသူ့ကိုသေချာမမေးခဲ့မိဘူး''လို့ အစချီကာ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝမ်းပန်းတသာနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ASEAN Culture House - 아세안문화원

ဒါရိုက်တာ ဏကြီးကတော့ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ကတည်းက တောင်ကိုရီးယားနိုင်ငံကို ထွက်သွားခဲ့ပြီလို့ ပိုင်ဖြိုးသုက ရေးသားထားပါတယ်။မီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာရှိတဲ့ ဘူဆန်ရုပ်ရှင်ရုံမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပြသသွားမယ်လို့ သိရပါတယ်။မီရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ ကိုရီးယားစံတော်ချိန် ည ၇ နာရီ အချိန်မှာ ပြသသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ ကိုရီးယားစံတော်ချိန် ညနေ ၄ နာရီ အချိန်မှာ ပြသသွားမှာဖြစ်ပါတယ်။ 2019 ASEAN Film Week Busan Guest Release ပွဲမှာတော့ မြန်မာနိုင်ငံ အပါအဝင် နောက်ထပ် အာဆီယံနိုင်ငံ အသီးသီးက အနုပညာပြသမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Photo: Paing Phyo Thu

''မီ'' ရုပ်ရှင်ဇာတ်ကားရဲ့ ပထမဆုံး ပွဲဦးထွက် အမှတ်တရ ဆု အနေနဲ့ Star Awards ဆုပေးပွဲမှာ Best Cinematography award ဆုကို ဒါရိုက်တာ ဏကြီးက ရရှိခဲ့ဖူးပါတယ်။ ''မီ'' ရုပ်ရှင်ဇာတ်ကားကြီးဟာ လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN International Flim Festival 2019 ပွဲမှာလည်း ဒါရိုက်တာ ဏကြီးက Best Director Of Photography ဆုကို ရရှိပိုင်ဆိုင်ခဲ့ပြန်ပါသေးတယ်။ အဲဒီနောက် ''မီ''ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံမှာလည်း ပြသခဲ့တာဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တယ်လို့လည်း ပိုင်ဖြိုးသုက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 


Photo: ASEAN Culture House - 아세안문화원

မီ ရုပ်ရှင်ဇာတ်ကားကြီးကို ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၇ ခုနှစ် အကုန် ၂၀၁၈ ခုနှစ် အစမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ နာမည်ကျော်စာရေးဆရာမကြီး ကြည်အေးရဲ့ အောင်မြင်တဲ့ ဝတ္ထုတွေထဲက တစ်ခု ဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲအောင်၊မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က