ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

စိုးပြည့်သဇင်ကိုတော့ “ရွှေမင်းသမီး”ရုပ်ရှင်ကားကြီးထဲမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ ကာရိုက်တာတွေနဲ့ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရွှေမင်းသမီးတစ်ယောက်ဖြစ်လာဖို့အထိ ဇာတ်လမ်းအစအဆုံးကို ပံ့ပိုးပေးခဲ့သူကတော့ အကယ်ဒမီ ပြေတီဦးဖြစ်ပါတယ်။ 

Photo: Golden



“ရွှေမင်းသမီး” ရုပ်ရှင်ကားကြီးထဲမှာ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ သရုပ်ဆောင် စိုးပြည့်သဇင်ဖြစ်ပါတယ်။ ဂီတနဲ့ပတ်သက်ပြီး ဝါသနာရှင်အဆင့်ကနေ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝကို သရုပ်ဆောင်ထားရတာဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ စိုးပြည့်က ဒီဇာတ်ကားထဲမှာ ရွှေရည်ဆိုတဲ့ မိန်းကလေးပေါ့နော်။ သီချင်းဆိုတာ အရမ်းဝါသနာပါတဲ့ တစ်ဦးအဖြစ် သရုပ်ဆောင်ထားတယ်။ အဲဒီကနေပြီးတော့ သီချင်းဆိုပြိုင်ပွဲကနေတဆင့် တက်သွားရင်းနဲ့ ကာရိုက်တာပုံစံရော၊ စိတ်နေစိတ်ထားတွေရော အဆင့်ဆင့်ပြောင်းလဲသွားတယ်ပေါ့။ ကာရိုက်တာ ၃ မျိုးလောက် သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားက တောင်ငူရဲ့ နှစ် ၅၀၆ ပြည့်လောက်ကို အခြေခံရိုက်ကူးထားတာ။ စိုးပြည့်ကိုယ်တိုင်ကလည်း တောင်ငူသူ တစ်ဦးပါ။ စိုးပြည့်က အပြင်မှာ သီချင်းလည်းဆိုတယ်၊ ဇာတ်ဝင်ခန်းထဲမှာလည်း ကိုယ့်သီချင်းတွေပါတယ်။ ဒီဇာတ်ကားမှာ အရင်တုန်းက စိုးပြည့်လုပ်နေကြ ကာရိုက်တာမဟုတ်တဲ့ ပုံစံမျိုးတွေ လုပ်ရတာရှိတယ်။ ဒီဇာတ်ကားက စိုးပြည့်အတွက် သိပ်ပင်ပန်းတယ်၊ အရမ်းလည်း ခက်ခဲပါတယ်” လို့ သူကဆိုပါတယ်။ 

“ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၅ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ အထူးပြပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရွှေမင်းသမီးတစ်ယောက်ဖြစ်လာဖို့အထိ ဇာတ်လမ်းအစအဆုံးကို ပံ့ပိုးပေးခဲ့သူကတော့ အကယ်ဒမီ ပြေတီဦးဖြစ်ပါတယ်။ ဒါကြောင့် စိုးပြည့်သဇင်က ပြေတီဦးကို ကျေးဇူးတင်တဲ့အကြောင်းတွေ ပြောပြလာပါသေးတယ်။ 

" ကိုပြေတီဦး ကိုလည်း ကျေးဇူးတင်ရမယ်။ ဘာပဲဖြစ်ဖြစ် မင်းသမီးတစ်လက်ကို လက်တွဲခေါ်ပေးတယ်။ ဒီဇာတ်က ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဇာတ်ပေါ့နော်။ ဒီဇာတ်ကားမှာ သင်ခန်းစာယူစရာတွေရော အများကြီးပဲပေါ့။ ဦးတီကလည်း သရုပ်ဆောင် တစ်ယောက်ရဲ့ စိတ်ရော၊ အရည်အချင်းရော ပြည့်ဝတဲ့သူတစ်ယောက်ပါ" ဆိုပြီးတော့လည်း ဖေဖော်ဝါရီလ ၅ ရက်နေ့ညက "ရွှေမင်းသမီး" ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Golden Princess - ရွှေမင်းသမီး

“ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကိုတော့ ဇာတ်လမ်းအနေနဲ့ ကိုနှလုံးသား က ရေးသားခဲ့တာပါ။ သူ့ရဲ့ ဖြစ်ရပ်မှန် အကြောင်းအရာတွေနဲ့ ဆက်စပ်နေတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကား ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အဓိက ပါဝင်ထားတဲ့ သူတွေကတော့ ပြေတီဦး၊ ကျော်ကျော်ဗိုလ်၊ ကောင်းပြည့်၊ ဇင်ဝိုင်း၊ ချိုပြုံး၊ မေသဉ္ဇာဦးနဲ့ စိုးပြည့်သဇင်တို့က သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က