အရမ်းကျေနပ်တယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ ခင်ပွန်းဖြစ်သူအတွက် အဆိုတော် နေနေကတော့ အရမ်းကို ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Nay Nay



အဆိုတော်နေနေ ရဲ့ ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်ဟာ The Voice Myanmar (Season 3) မှာ သီချင်းဆိုပြိုင်ပွဲဝင်ခဲ့တာကို တွေ့ရပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ကိုလင်းမြိုင်ကို အားပေးခဲ့တဲ့ ပရိသတ်တွေကြောင့် အရမ်းဝမ်းသာနေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အစ်မကတော့ ထွေထွေထူးထူး Plan ဆွဲထားတာတော့ မရှိပါဘူး။ သူ့ကိုလည်း ယုံကြည်မှုရှိပြီးသားပါ။ သူက အခုမှ သီချင်းစဆိုတဲ့လူတစ်ယောက်မဟုတ်ဘူး။ အရင်တုန်းကလည်း အစ်မနဲ့ အတူ အတွဲခွေ ထွက်ထားဖူးတယ်။ သူကိုယ်တိုင်ကလည်း Bar တွေမှာ သီချင်းဆိုဖူးတော့ ဝမ်းစာဖြည့်ပြီးသားပေါ့နော်။ အခုလို ပြိုင်ပွဲ ဝင်တာလည်း သူ့ကိုယ်သူ စမ်းသပ်တာပေါ့နော်။ ပြီးတော့ တစ်နိုင်ငံလုံးကို သူ့ရဲ့ အရည်အချင်းပြသခွင့်ရသွားတာကိုပဲ အစ်မက ကျေနပ်နေရပါပြီ”လို့ သူက ဆိုပါတယ်။  

Photo: Nay Nay

အဆိုတော်နေနေရဲ့ ခင်ပွန်းဖြစ်သူဟာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပေါ် အကဲဖြတ် ဒိုင်လူကြီးတွေသာမက ပရိသတ်တွေကလည်း အံ့သြခဲ့ကြတာကို တွေ့ရပါတယ်။ 

အဆိုတော် နေနေကိုယ်တိုင်ကလည်း ခင်ပွန်းဖြစ်သူရဲ့ ဂီတဝါသနာအပေါ် ယုံကြည်မှုရှိတာကြောင့် သီချင်းပြိုင်ပွဲဝင်ဖို့ ခွင့်ပြုလိုက်တာလို့ သိရပါတယ်။ 

“ The Voice မှာ ပြိုင်ဖို့အတွက် သူ အစ်မကို ခွင့်တောင်းလာတယ်။ ပြီးတော့ သူကလည်း အစ်မရဲ့ ဘေးနားမှာ အစ်မရဲ့ ဂီတအလုပ်တွေကို ပံ့ပိုးပေးထားတယ်။ သူကိုယ်တိုင်ကလည်း အရမ်းဝါသနာပါတဲ့အတွက် ပြိုင်မယ်လို့ပြောတဲ့အချိန်မှာ စမ်းသပ်တဲ့ အနေနဲ့ ဝင်ပြိုင်ခိုင်းလိုက်တယ်။ သူ့ရင်ထဲကနေ လိုလိုလားလား ဖြစ်လာတဲ့ အတွက် အစ်မ ဝင်ပြိုင်ခိုင်းဖြစ်လိုက်တာပါ။ ပြီးတော့ အစ်မခင်ပွန်းက ပြိုင်ပွဲကို သူ့ဘာသာသူ စိတ်ရှင်းရှင်းနဲ့ သူ့ရဲ့ အရည်အချင်းကို အကောင်းဆုံးလုပ်ပြခဲ့တယ်ဆိုတာကို ခေါင်းထဲ ထည့်ထားပါတယ်။ အစ်မခင်ပွန်းသည် သီချင်းဆိုသွားတာကို အရမ်းသဘောကျတယ်၊ အဲဒီအတွက် သူ့ကို အရမ်းလေးစားပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: TayKar

အဆိုတော် နေနေဟာ ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦး ပါ။ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိထားသူဖြစ်သလို သူမရဲ့ သီချင်းတိုင်းကလည်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ခဲ့တာကြောင့် အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ နေနေက ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်နဲ့ အတူ ရင်သွေးလေး နှစ်ယောက် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က