အဓိက ကတော့ သူတို့ကို ပျော်အောင်ထားတယ်။

နီနီခင်ဇော်က The Voice Myanmar သီချင်းဆို ပြိုင်ပွဲဝင်တွေအပေါ်ထားတဲ့ သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း သီချင်းဆိုပြိုင်ပွဲကနေတဆင့် အောင်မြင်တဲ့အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်လာသူပါ။

Photo: Ni Ni Khin Zaw



အဆိုတော် နီနီခင်ဇော်က The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ရတဲ့အတွေ့အကြုံကိုပြောပြလာပါတယ်။ သူမဟာ ပြိုင်ပွဲဝင်ရွေးချယ်တဲ့အခါမှာလည်း တခြား အကဲဖြတ်ဒိုင်တွေနဲ့အတူ အပြိုင်အဆိုင်ရွေးချယ်ရတယ်လို့လည်း မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ ဒိုင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပါတယ်။ ချစ်ပေမယ့်လည်း လုကြတယ်။ လုတယ်ဆိုတာကလည်း ပြိုင်ပွဲဝင်တွေကို ပျော်အောင်ထားမယ် ဆိုတဲ့ မက်ဆေ့ချ်လေးကို ပေးချင်တာပါ။ နီနီ့ အဖွဲ့ထဲကသူတွေကိုလည်း ၂၄ နာရီ နီနီက ဂရုစိုက်ပေးတယ်။ သူတို့မေးချင်တာ မေးလို့ရအောင် သူငယ်ချင်းလိုပဲ ပေါင်းကြတယ်’’ လို့ သူကဆိုပါတယ်။

Photo: Ni Ni Khin Zaw

နီနီခင်ဇော်က သူမအတွက် အဖွဲ့ဝင်ရွေးချယ်တဲ့အခါမှာတော့ အစ်ကိုတစ်ယောက်လိုခင်ရတဲ့ အာဇာနည်နဲ့အတူ လုပြီးရွေးချယ်ဖြစ်တယ်လို့ ဆိုပါတယ်။

‘’ ကိုဇာနည်နဲ့ နီနီကတော့ လုဖော်လုဖက်ပဲ။ အစ်ကို့ ကိုလည်းတောင်းပန်ပါတယ်။ ရိုက်ကူးရေး ရပ်သွားပြီဆိုရင် အစ်ကိုတောင်းပန်ပါတယ်။ ညီမက အဲဒီလိုသဘောမျိုးပြောတာမဟုတ်ပါဘူး ဆိုပြီးတော့ပေါ့။ သူတို့ကလည်း အချင်းချင်း စနေကြဆိုတော့ သိပါတယ်။ ဒါပေမယ့် ဘယ်သူပဲရရပါ အဓိက က Winner သည် အဆိုတော်ဖြစ်သွားဖို့ပါပဲ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Ni Ni Khin Zaw

The Voice Myanmar သီချင်းဆိုပြိုင်ပွဲဝင်တွေ အပေါ်မှာလည်း ကိုယ်ချင်းစာတယ်လို့ နီနီခင်ဇော်က ပြောပြလာပါတယ်။

‘’ နီနီတို့လည်း အဆိုပြိုင်ပွဲက လာတာပဲလေ။ အဲဒီတော့ ဒိုင်တွေ ဘယ်လိုသုံးသပ်လဲဆိုတာ နီနီတို့ သိတာပေါ့။ ဒါပေမယ့် စင်ပေါ်မှာ မတ်တပ်ရပ်နေရင်း ကြောက်နေတာ ကိုယ့်ကို ဘာပြောမလဲ ဆိုပြီး ဒူးတုန်ရမယ့် အခြေအနေမျိုး မဖြစ်စေရဘူး။ နီနီတို့ ပြိုင်ပွဲဝင်တွေသည် ပြိုင်ပွဲကို တက်တက်ကြွကြွနဲ့ ပါဝင်ယှဉ်ပြိုင်ကြစေဖို့ ရည်ရွယ်ထားပါတယ်’’ လို့ ဆိုပါတယ်။

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က