ကျန်းမာရေး ထောက်ပံ့ငွေနဲ့ စားစရာတွေ လှူဒါန်းခဲ့ပါတယ်။

လူကြမ်းသရုပ်ဆောင်ကြီး ဦးဖုန်းနိုင် ရဲ့ ကျန်းမာရေးအတွက် သရုပ်ဆောင် ဆောင်းယွန်းစံက စားနပ်ရိက္ခာနှင့် ဆေးဝါး ထောက်ပံ့ငွေများ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း ကျန်းမာရေး မကောင်းလို့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာနေတဲ့ လူကြမ်းသရုပ်ဆောင်ကြီး ဦးဖုန်းနိုင်ကို ကျန်းမာရေးထောက်ပံ့ငွေများ လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 



“ ဒီနေ့ လှူတာက ဆေးဖိုးအတွက် (၂) သိန်းရယ်၊ ဆန်ရယ်၊ ဆီရယ်၊ Mask ရယ် လှူပါတယ်။ အခုချိန်မှာ Covid က ဒုတိယအကြိမ် ပြန်စလာပြီဆိုတော့ အားလုံးအတွက် ပြန်ပြီးတော့ လိုအပ်လာပြီလေ။ ဒါပေမယ့် အဓိက ကတော့ ကျန်းမာရေး ကောင်းအောင် နေရင် ဒီရောဂါကို ပြန်ပြီးတော့ တွန်းလှန်နိုင်ရမှာပါ။ အခု ဒီအဘိုးကို ဆောင်း တွေ့လိုက်ရတဲ့ အချိန်မှာ အရမ်းလှူချင်တဲ့ စိတ်ဖြစ်ပြီးတော့ ဆက်သွယ်လိုက်တာ။ အဘိုးက တီဗီရောဂါ ခံစားနေရတဲ့သူဆိုတော့ ပိုပြီးလိုအပ်မယ် ထင်လို့ ဆောင်း အခုလို လှူဖြစ်တာပါ” ဆိုပြီးတော့ စက်တင်ဘာလ ၂ ရက်နေ့တုန်းက သူမရဲ့ အလှူမှာ အခုလို ဖြေဆိုခဲ့တာပါ။ 

ဆောင်းယွန်းစံဟာ ငယ်ငယ်တုန်းက အားပေးခဲ့ရတဲ့ အနုပညာရှင်တွေကို အခုလို မြင်တွေ့ရတဲ့အပေါ် သူမရဲ့ ခံစားချက်တွေကို အခုလို ပြောပြခဲ့ပါတယ်။ 

“ ကိုယ် အရင်တုန်းက TV ကြည့်ပြီး အားပေးခဲ့ရတဲ့သူတွေကို ပြန်ပြီးတော့ လှူရတာ ရင်ထဲ မကောင်းဘူး။ ပြီးတော့ သူတို့ကိုအခု အပြင်မှာ ဒီလို ပုံစံတွေ့ရတာ စိတ်တကယ် မကောင်းဖြစ်ရတယ်။ အပြင်လူတွေထက်စာရင်တော့ ပိုပြီးတော့ နီးစပ်မှုရှိတဲ့အတွက် လှူဖြစ်သွားတာပေါ့" ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က