ဒီကာရိုက်တာနဲ့ ပရိသတ်တွေ မြင်ဖူးသေးမှာ မဟုတ်ဘူး။

တိုင်ရွန်ကတော့ မကြာခင်ရိုက်ကူးတော့မယ့် ရုပ်သံဇာတ်လမ်းတွဲမှာ တိုက်ပွဲ သတင်းထောက်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီကာရိုက်တာအတွက် လိုအပ်ချက်မရှိအောင် ပြင်ဆင်နေတယ်လို့လည်း သူကပြောပါတယ်။

Photo: Tyron Bejay



တိုင်ရွန်ကတော့ ‘’တစစ်တမက်’’ ရုပ်သံဇာတ်လမ်းတွဲမှာ သတင်းထောက်တစ်ယောက်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီကာရိုက်တာကို လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။ 

‘’ သတင်းထောက်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရတဲ့ အပိုင်းမှာ ပါဝင်ဖို့ဆိုရင် နှစ်ဖက်အမြင်တော့ရှိမှာပဲ သတင်းထောက်အချင်းချင်းတောင် တည့်ချင်မှ တည့်မှာလေ။ ထူးခြားတာလေး တစ်ခုကတော့ ပြည်သူတွေ မြင်ရမယ့် ကာရိုက်တာလေးက ထူးဆန်းတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလို ဇာတ်ရုပ်မျိုးရိုက်တာ ရှားတယ်။ ကျွန်တော်နဲ့ ယဉ်လတ်နဲ့ကတော့ အရှေ့ပိုင်းဇာတ်လေးမှာ ပါဝင်ရမှာပါ’’ လို့ သူကဆိုပါတယ်။ 

Photo: Tyron Bejay

တိုက်ပွဲနှစ်ခုရဲ့ ကြားမှာ သတင်းယူရမယ့် သတင်းထောက် ကာရိုက်တာဟာ တိုင်ရွန်အတွက်တော့ အများကြီး ကြိုးစားအားထုတ်ခွင့်ရမယ့် ဇာတ်ကားတစ်ကားပါပဲ။ ဒီကာရိုက်တာကနေ ပေးချင်တဲ့ သင်ခန်းစာတွေလည်းရှိတယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့က ‘’တစစ်တမက်’’ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

‘’ သတင်းထောက် တစ်ယောက်အနေနဲ့ Pressure တွေ ဘယ်လောက်များလဲ။ တိုက်ပွဲအတွင်းမှာ လက်နက်မကိုင်ပဲနဲ့ ဟိုဘက်အတွက်ရော၊ ဒီဘက်အတွက်ပါ ပြေးလွှားရိုက်ကူးနေရတဲ့အတွက် အန္တရာယ်တွေ ဘယ်လောက်များသလဲဆိုတာကို ပရိသတ်တွေက မြင်ဖူးခဲ့မှာမဟုတ်ဘူး။ အရင်တုန်းက တိုက်ပွဲသတင်းထောက်တွေဟာ ပြည်သူတွေဆီကို သတင်းအမှန်ပေးဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ်ဆိုတဲ့ Message တွေ ပါမယ်ပေါ့နော်’’ လို့ ဆိုပါတယ်။ 

Photo: Tyron Bejay

‘’တစစ်တမက်’’ရုပ်သံဇာတ်လမ်းတွဲဟာ နိုင်ငံတော်အကျိုးပြုဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ကာရိုက်တာ အပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်ချက်မရှိအောင် ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း တိုင်ရွန်က ပြောပါတယ်။ 

‘’ ကြိုတင်ပြင်ဆင်မှုတွေကတော့ အဝတ်အစားတွေပေါ့နော်။ လိုအပ်တာတွေကို ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာတွေနဲ့ သေသေချာချာလေး ကြိုးစားပြင်ဆင်တယ်။ အသေးစိတ် စီစဉ်ထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ လုပ်ရမယ့် အပိုင်းကလည်း ကြီးသလို စီစဉ်ထားတဲ့ အပိုင်းကလည်းကြီးတယ်။ နိုင်ငံတော်အဆင့် ဇာတ်ကားတစ်ကားလည်း ဖြစ်တဲ့အတွက်ကြောင့် ပြောစရာနည်းအောင် အတတ်နိုင်ဆုံးကြိုးစားပါတယ်’’ လို့ သူကဆိုပါတယ်။ 

Photo: Tyron Bejay

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ''တစစ်တမက်''ရုပ်သံဇာတ်လမ်းတွဲကို စီနီယာအနုပညာရှင် များစွာတို့နဲ့ ပါဝင်သရုပ်ဆောင်သွားဦးမယ်လို့လည်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က