လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

အောင်ရဲလင်းဟာ အနုပညာရှင်အသစ်လေးတွေနဲ့အတူ ဗီဒီယိုဇာတ်ကားတွေရိုက်နေတဲ့ အကြောင်း ပြောလာပါတယ်။ 

Photo: Aung Ye Lin



သရုပ်ဆောင် အောင်ရဲလင်းကတော့ လက်ရှိမှာ ဗီဒီယို ဇာတ်ကားတွေလည်း လက်ခံရိုက်ကူးထား တာ တွေ့ရပါတယ်။ သူဟာ ဆရာဖြစ်သူရဲ့ ဆန္ဒအတိုင်း တက်သစ်စ အနုပညာရှင်လေးတွေနဲ့လည်း တွဲဖက်ရိုက်ကူးဖြစ်တဲ့အကြောင်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။  

“ ကျွန်တော့်ဆရာ မောင်မောင်ဦး (စနိုးဝှိုက်) ကလည်းပြောတယ်၊ ဒီ မင်းသမီး အသစ်လေး မေသဇင်အောင်နဲ့ ဆိုရင်လည်း ကျွန်တော်ဗီဒီယိုဇာတ်ကား ၃ ကားရိုက်ပြီးပါပြီ။ ကျွန်တော့်ဘက်ကနေ ဒီ သရုပ်ဆောင်အသစ်တွေကို တက်နိုင်သလောက် ပံ့ပိုးပေးခွင့်ရတာ ကျေနပ်ပါတယ်။ ကျွန်တော့် ဆရာ လုပ်ချင်တဲ့ အလုပ်လေး တစ်ခုကို အကောင်းဆုံးဖြစ်အောင် ရွေးချယ်လုပ်ပေးဖြစ်တာပါ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က Essence ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Aung Ye Lin

အောင်ရဲလင်းဟာ လွန်ခဲ့တဲ့ နှစ်တွေက ကာရိုက်တာရွေးချယ်မှုတွေရှိခဲ့တဲ့ အတွက် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးမှု သိပ်မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။ ဒါကတော့ အောင်ရဲလင်းက သူ့ကို ချစ်တဲ့ ပရိသတ်တွေကို အကောင်းဆုံး တွေပဲ ပေးချင်တာကြောင့် ဇာတ်ကား ရွေးချယ်ခဲ့တာလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရသလို ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားတာ တွေ့ရပါတယ်။ 

Photo: Aung Ye Lin

ဇာတ်ကား ရိုက်ကူးမှုတွေ နည်းသွားတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်တာမျိုး တွေမရှိ ဘူးလို့ အောင်ရဲလင်းက ပြောပါတယ်။ ဇာတ်လမ်းသဘောတရားကို အရမ်းစိတ်ဝင်စားမှသာ ဇာတ်ကားရိုက်ကူးဖြစ်မယ်လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ ဇာတ်ကားရိုက်တာတွေကတော့ ကျွန်တော်က ရွေးမြဲအတိုင်း ရွေးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ဒီဇာတ်ကားပေါ်မှာ ခံစားသက်ဝင်မိတယ်၊ ဇာတ်ကားအပေါ် Feeling လာတယ်ဆိုမှ ရိုက်တာ ကောင်းပါတယ်။ ဒါမှ မဟုတ်ရင် ကျွန်တော့်အတွက်လည်း အကျိုးရှိမှာ မဟုတ်ဘူး။ လာကြည့်တဲ့ ပရိသတ်အတွက်လည်း အကျိုးရှိမှာ မဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်က စိတ်ဝင်စားတယ်၊ တကယ်ကြိုက်တဲ့ ဇာတ်လမ်းတွေရှိမှသာ ရိုက်ကူးသွားမှာပါ” လို့ သူကဆိုပါတယ်။ 

Photo: Aung Ye Lin

အောင်ရဲလင်းကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေကို သေချာ ရွေးချယ်ပြီး ရိုက်ကူးနေတာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ရပါတယ်။ အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ ချောမောခန့်ညားလွန်းတဲ့ပုံစံကြောင့် မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ တစ်ယောက် ဖြစ်နေတဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က