Sabal Thwin

သင်ဇာဝင့်ကျော်ဟာ ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးသွားမယ်လို့ဆိုပါတယ်။ စိတ်အားမငယ်ကြဖို့ကိုလည်း အားပေးစကားဆိုလာပါတယ်။

Photo: Amazing Grace

သင်ဇာဝင့်ကျော်က ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ ကိုယ်ချင်းစာမိတယ်လို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’အရမ်းကို စိတ်မကောင်းပါဘူး။ ကိုယ်တွေသာ သူတို့လိုနေရာမျိုးမှာ ဆိုရင် ခံစားကြည့်လိုက်။ သင်ဇာတို့ အိမ်တောင် အိမ်အောက်ထပ် ရေကြီးဖူးတယ်လေ အိမ်အောက်ထပ်လေးရေဝင်တာတောင်မှ ကိုယ်တွေမှာ တော်တော်ဒုက္ခရောက်တာ သူတို့က အိမ်တစ်လုံးလုံးမြုပ်တယ်၊ မြေတွေပြိုတယ်ပေါ့။ အဲဒါတွေက မမြင်ချင်ဆုံး မကြားချင်ဆုံး သတင်းတွေပဲပေါ့နော်။ ကိုယ်တွေ မြန်မာနိုင်ငံ အရင်တုန်းက ဒီလိုမျိုးဖြစ်လေ့ဖြစ်ထ မရှိဘူး။ ဘာကြောင့်လဲ အားလုံးကို ဘုရား၊ တရား ပိုလုပ်စေချင်တယ်။ မြန်မာလူမျိုးတွေကို ဒီလို အဖြစ်ဆိုးမျိုး မကြုံစေချင်ဘူးပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Mon

ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကိုလည်း စိတ်အားမငယ်ကြဖို့ သင်ဇာဝင့်ကျော်က အားပေးစကားဆိုလာပါတယ်။ သူမကိုယ်တိုင်ကလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီသွားမှာပါတဲ့။

‘’ ဖြစ်နေတဲ့သူတွေကိုလည်း အားပေးချင်ပါတယ်။ သင်ဇာတို့ ကိုယ်တိုင်ကိုယ်ကျ သွားမလှူနိုင်ပေမယ့် လှူဖို့အခွင့်အလမ်းတွေရှိလာတဲ့အခါ ဒီအတိုင်းလေး အလှူငွေထည့်လိုက်တာမျိုးပဲဖြစ်ဖြစ် ကူညီသွားမှာပါ။ အဲဒီအတွက်ကြောင့်မို့လို့ စိတ်မပျက်ကြပါနဲ့၊ အားမငယ်ကြပါနဲ့ ကူညီမယ့်သူတွေ အားလုံးရှိပါတယ်’’ သြဂုတ်လ ၁၁ ရက်နေ့က V-Kool ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသတွေအတွက် စိတ်မကောင်းဖြစ်နေကြသူတွေကတော့ အများကြီးပါ။ ဒီအထဲမှာမှ သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။

‘’ အခုက သွားကူညီမယ်ဆိုရင်လည်း သတင်းကြားရတာက သွားကူမယ့်သူတွေလည်း လှေနဲ့ပဲသွားရတာ တချို့လူတွေတောင်မှ ပြန်ထွက်လာလို့မရတာမျိုးဆိုတော့ ကူညီတဲ့သူတွေလည်း ဒုက္ခရောက်နိုင်တယ်။ အဲဒါကြောင့်မို့လို့ အချိန်တစ်ခုကို စောင့်ပေးပါလို့။ ဓာတ်ပုံတွေ မြင်ရတာလည်း စိတ်မကောင်းပါဘူး။ အားလုံးအတွက်လည်း သင်ဇာ ဆုတောင်းပေးပါ့မယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Amazing Grace

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က