သူမရဲ့ ရည်မှန်းချက်ကို အခုလို ပြောပြလာပါတယ်။

ဘုန်းသီရိကျော်ကတော့ အနုပညာအပေါ် ထားတဲ့ သူမရဲ့ ရည်မှန်းချက်တွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Phone Thiri Kyaw



ဘုန်းသီရိကျော်ကတော့ ပညာရေးမှာလည်း ထူးချွန်သလို အနုပညာလောကမှာ အောင်မြင်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာ ဖြစ်ပြီး သူမရဲ့ ရည်မှန်းချက်ကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ညီမလည်း အောင်မြင်ချင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် အောင်မြင်ဖို့အတွက် ဖြတ်လမ်းလိုက်တာတို့၊ ပေါ်ပင်တစ်ခုပေါ်လာရင် အဲဒီပေါ်ပင်လို လိုက်လုပ်တာမျိုးတို့ထက်စာရင် ဖြေးဖြေးနဲ့ မှန်မှန်သွားတဲ့ ပုံစံကို လူတွေက သဘောကျလာမယ်။ အဲဒီကနေ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီးတော့ အကယ်၍ နည်းနည်းလေး သရုပ်ဆောင်ခွင့်ရလာရင်လည်း အကောင်းဆုံး ကြိုးစားမယ်။ အဲဒီကနေမှ တဆင့် ကိုယ့်ရဲ့ အရည်အချင်းတွေကနေဆင့် ရလာမယ့် အခွင့်အရေးတွေ အပေါ် အသေးလေးကနေ အကြီးကြီးတွေ အထိ သွားချင်တာပါ” လို့ သူကဆိုပါတယ်။ 

Photo: Phone Thiri Kyaw

ဘုန်းသီရိကျော် အနေနဲ့ အနုပညာအလုပ်တွေ လုပ်လာရလို့ အနုပညာကြေးတွေ ရရှိလာတဲ့အချိန်မှာ ငွေသုံးကြမ်းခဲ့တဲ့အချိန်တွေ ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ ပိုက်ဆံစုပြီး မိဘတွေ အတွက် သမီးလိမ္မာလေးဖြစ်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ 

“ ညီမ အနုပညာအလုပ်လုပ်ပြီး (၂) နှစ်လောက်ကြာတဲ့ အချိန်မှာ ကြော်ငြာတွေလည်း အများကြီးရိုက်ရတယ်၊ လူတွေလည်း အများကြီး သိလာတဲ့အချိန်မှာ သူများတွေက Brand အိတ်ကြီးတွေ ဝယ်သုံးကြတော့ ညီမလည်း လိုက်သုံးဖူးတယ်။ သူများတွေ ခရီးသွားရင်လည်း ငါလည်း ခရီးထွက်ဦးမှပါ ဆိုပြီးတော့ ခရီးတွေ ထွက်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒါတွေက ခဏပဲပျော်ရတာ။ ပိုက်ဆံတွေ အများကြီး ကုန်သွားပြီးတော့မှ ငါ ဒီအတိုင်းလေး ငြိမ်ငြိမ်နေလိုက်ရင် ပိုက်ဆံ ဒီလောက်ကျန်မှာပဲ ဆိုပြီးတော့ ရင်ထဲပူလာတယ်။ အဲဒီလို ပူလောင်တဲ့ အချိန်ကျတော့မှ ငါ လိမ္မာသင့်ပြီ၊ ပိုက်ဆံကို စုထားရမှာပါလား ဆိုပြီးတော့ စိတ်ထဲမှာ မှတ်ထားတယ်။ အခုတော့ လိမ္မာသွားပါပြီ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Phone Thiri Kyaw

 ဘုန်းသီရိကျော်ကို SAI Cosmetix ကြော်ငြာရိုက်ကူးရေးကနေတဆင့် အနုပညာလောကထဲ ဝင်ရောက်လာသူဖြစ်ပါတယ်။ သူမဟာ အဆိုတော် ဇော်ပိုင်ရဲ့ " ပြည့်စုံလွန်း" ဆိုတဲ့ သီချင်း MTV လေးကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။ သူမအနေနဲ့ TV ကြော်ငြာများစွာလည်း ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ဘက်ကိုလည်း ခြေလှမ်းစတင်‌‌နေ ပြီဖြစ်ပါတယ်။ ဘုန်းသီရိကျော်ကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ Jenny လို့လည်း ခေါ်ကြပါသေးတယ်။ အနုပညာ အလုပ်တွေကို အောင်မြင်ဖို့ ကြိုးစားနေပေမယ့် ပညာရေးမှာတော့ သူမက ဥပဒေနဲ့ ဘွဲ့ရရှိထားပြီးပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က