စပွန်ဆာထားတယ်ဆိုတဲ့ အပေါ်မှာလည်း အခုလို ပြောပြလာပါတယ်။

ချယ်ရီသင်းကတော့ အနုပညာအလုပ်တွေ စလုပ်ခဲ့စဉ်ကတည်းက သူမရဲ့ ဂီတသမားဘဝကို စပွန်ဆာနဲ့ ရပ်တည်ခဲ့တာ မဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။ 

Photo: Cherry Thin



အဆိုတော် ချယ်ရီသင်းကတော့ လက်ရှိ သူမရဲ့ ဘဝ ရပ်တည်မှု အခြေအနေကို ပြောပြလာပါတယ်။ ဈေးရောင်းခဲ့ရတဲ့ ဘဝ အခြေအနေကနေတဆင့် အခုလို အဆိုတော် တစ်ယောက်ဖြစ်လာတဲ့ ဖြတ်သန်းမှုတွေကို Music Video ရိုက်ပြီး ပရိသတ်ကို ပြောပြသွားမယ်လို့ Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ အနုပညာရှင်တစ်ယောက်ဖြစ်တာနဲ့ပဲ စပွန်ဆာတွေထား၊ ဘဲတွေနဲ့ အိပ်ပြီးတော့ ပိုက်ဆံယူတယ်ဆိုပြီး သူတို့ရဲ့ အမြင်က အဲဒီလိုမြင်တာ ဖြစ်မယ်။ ကိုယ့်လောဘကိုယ် ထိန်းနိုင်ရင် စပွန်ဆာ ထားစရာကို မလိုဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နိုင်တယ်။ စပွန်ဆာ ကိစ္စနဲ့ ပတ်သက်ပြီး ကြိုက်တဲ့သူ လာပြော ရှင်းရဲတယ်။ သူတို့ရဲ့ အမြင်မှာ အသက်(၂၃) နှစ်၊ (၂၄) နှစ်အရွယ် မိန်းမ တစ်ယောက်က သူများအားကိုးမှ ကာကွယ်နိုင်မယ်လို့ ထင်နေကြတာ။ ချယ်ရီရဲ့ ဘဝအကြောင်းကို Music Video တစ်ခု ရိုက်ဖို့ရှိတယ်။ အဲဒါဆိုရင် ချယ်ရီ ဘာလုပ်သလဲဆိုတာ အားလုံး သိမယ်။ ချယ်ရီ အရင်တုန်းက ဈေးရောင်းခဲ့တယ်။ ပြီးတော့ Tolite တွေမှာဆိုရင် သီချင်းတွေ အော်ဆိုခဲ့တယ်။ မိန်းကလေး တစ်ယောက်က အခုလိုနေရာမျိုးရောက်လာတယ်ဆိုတာ စိတ်တစ်ခုတည်းနဲ့ပဲ၊ ယုံကြည်ချက် တစ်ခု၊ အိပ်မက် တစ်ခုကြောင့် ရောက်လာတယ်။ လူဆိုတာ Plan က ကျိန်းသေပေါက်ထားဖို့လိုတယ်" လို့ ဆိုပါတယ်။ 

Photo: Cherry Thin

ချယ်ရီသင်းဟာ " ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်" ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ် အားပေးမှု တစ်ခဲနက် ရရှိလာသူ ဖြစ်ပါတယ်။ ပရိသတ် လက်ခံတဲ့ အဆိုတော် တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတဲ့ အကြောင်းကိုလည်း ချယ်ရီသင်းက အခုလို ပြောပြလာပါတယ်။ 

“ တချို့က ဆိုရင် ချယ်ရီသင်းက သီချင်းလေး တစ်ပုဒ်နဲ့ ဒီနေရာအထိရောက်လာတယ်။ မတန်လိုက်တာလို့ ပြောကြတာရှိတယ်။ ဒါပေမယ့် ချယ်ရီရင်းခဲ့ရတဲ့ အချိန်တွေ၊ ငိုခဲ့ရတဲ့ မျက်ရည်တွေကို ဘယ်သူမှ မသိဘူး။ အခုဆို အောင်မြင်နေတဲ့သူတွေက သူတို့ ဒီနေရာကို ထိုက်ထိုက်တန်တန် ရဖို့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ မျက်ရည်တွေ၊ ဝမ်းနည်းမှုတွေ၊ စိတ်ခံစားချက်တွေ အများကြီးကို ရင်းထားရတာပါ။ ကိုယ်ချင်းမစာပဲနဲ့ မပြောစေချင်ပါဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Cherry Thin

လက်ရှိမှာတော့ ချယ်ရီသင်းကိုယ်တိုင် သီဆိုထားတဲ့ “ မ လို့ပဲခေါ်” သီချင်းလေးဟာ ပရိသတ်ကြားထဲမှာ ရေပန်းစားလို့နေပါတယ်။ သူမကတော့ ဂီတလောကမှာ ဖခင်ဖြစ်စေချင်တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ Duwun ကနေတဆင့် ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း " ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်" ဆိုတဲ့ သီချင်းနဲ့ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က